![ဆင်ဖြူရတနာ ဟေမဝတီမှ ဆင်ငယ်မွေးဖွား
နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူတော်ဆောင်
၌ ဧပြီ ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ် ခန့်က သတ္တမမြောက် ဆင်ဖြူရတနာ
ဟေမဝတီမှ ဆင်ငယ်တစ်စီးကို မွေးဖွား ခဲ့သည်။
သတ္တမမြောက် ဆင်ဖြူရတနာ ဟေမဝတီသည် ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ အလယ်ကျေးရွာအုပ်စုအနီး၌ ၂ဝ၁၁
ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ပေါ် ထွန်းခဲ့သည်။ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူ တော်ဆောင်သို့ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် ရောက်ရှိခဲ့သည်။
ပေါ် ထွန်းစဉ်ကပင် တောတွင်းမှ သန္ဓေတည် လာနိုင်ကြောင်း ဆင်ဆေးကုဆရာဝန် ဒေါက်တာဝမ်ထွန်းနှင့်အဖွဲ့က သုံးသပ်
သဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး လိုအပ်သော စစ်ဆေးစမ်းသပ်မှု များဆောင်ရွက်ခဲ့သည်။
ခန့်မှန်းကိုယ်ဝန် ၂၂ လခန့်တွင် ယခုဆင်ငယ်ကို မွေးဖွား ခဲ့ခြင်းဖြစ်သည်။
မွေးဖွားလာသောဆင်ငယ်မှာ အထီး ဖြစ်ပြီး ကိုယ်ခန္ဓာအမည်းရောင်၊ မျက်လုံး
အနက်ရောင်၊ အမြီး တံခါးပိတ်၊ နားလတ်၊ ငှက်ပျောကိုင်းပုံကျောကုန်း၊ ရှေ့
ခြေသည်းငါးခု၊ နောက်ခြေသည်းလေးခု၊ အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ခန္ဓာ
ကိုယ်လုံးပတ် ၃ ပေ ၇ လက်မရှိသည်။
ဆင်ငယ်မှာ မိခင်နို့ရည်ကို စတင် သောက်စို့လျက်ရှိပြီး မိခင်ဆင်မကြီးနှင့်
ဆင်ငယ်တို့မှာ ကောင်းစွာကျန်းမာ လျက်ရှိသည်။
အောက်ပါ Link တွင် မြဝတီ ပြည်တွင်း သတင်းများအား ဖတ်ရှုနိုင်ပါသည်။
http://bit.ly/XaetZN](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash4/s480x480/420616_408462092584961_39104054_n.jpg)
နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူတော်ဆောင်၌ ဧပြီ ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ် ခန့်က သတ္တမမြောက် ဆင်ဖြူရတနာဟေမဝတီမှ ဆင်ငယ်တစ်စီးကို မွေးဖွား ခဲ့သည်။ သတ္တမမြောက် ဆင်ဖြူရတနာ ဟေမဝတီသည် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်
ခွဲ အလယ်ကျေးရွာအုပ်စုအနီး၌ ၂ဝ၁၁ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ပေါ် ထွန်းခဲ့သည်။ နေပြည်တော် ဥပ္ပါတသန္တိ
စေတီတော်ဝတ္ထုကံမြေရတနာဆင်ဖြူ တော်ဆောင်သို့ ၂ဝ၁၁ခုနှစ် နိုဝင်ဘာ၂ဝရက်တွင်ရောက်
ရှိခဲ့သည်။
ပေါ် ထွန်းစဉ်ကပင် တောတွင်းမှ သန္ဓေတည် လာနိုင်ကြောင်း ဆင်ဆေးကုဆရာဝန် ဒေါက်တာဝမ်ထွန်းနှင့်
အဖွဲ့က သုံးသပ်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး လိုအပ်သော စစ်ဆေးစမ်းသပ်မှု များဆောင်ရွက်ခဲ့
သည်။
ခန့်မှန်းကိုယ်ဝန် ၂၂ လခန့်တွင် ယခုဆင်ငယ်ကို မွေးဖွား ခဲ့ခြင်းဖြစ်သည်။မွေးဖွားလာသောဆင်ငယ်မှာ အ
ထီး ဖြစ်ပြီး ကိုယ်ခန္ဓာအမည်းရောင်၊ မျက်လုံးအနက်ရောင်၊အမြီးတံခါးပိတ်၊နားလတ်၊ငှက်ပျောကိုင်းပုံကျော
ကုန်း၊ ရှေ့ခြေသည်းငါးခု၊ နောက်ခြေသည်းလေးခု၊ အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ခန္ဓာကိုယ်လုံးပတ် ၃ ပေ
၇ လက်မရှိသည်။
ဆင်ငယ်မှာ မိခင်နို့ရည်ကို စတင် သောက်စို့လျက်ရှိပြီး မိခင်ဆင်မကြီးနှင့်ဆင်ငယ်တို့မှာ ကောင်းစွာကျန်း
မာ လျက်ရှိသည်။
မြ၀တီသတင်း, Rangonnewsdaily
RND: :24.4.2013
![]() |

0 comments:
Post a Comment