မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀ အချိန်က လေပြင်း တိုက်ခတ်မှု
ကြောင့်ဝမ်းတွင်းမြို့နယ်၊ရိုးစုံကျေးရွာရှိလာဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ
(အမက) ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက် စီးခဲ့ကြောင်း၊ သပြေ
သာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး ဆုံးရှုံးမှုများ ရှိကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသ
တိုက်ခတ်မှုကြောင့်နေအိမ်ပေါ်သို့လက်ပံပင်လဲကျပြီးလူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်လုံးပတ်(၁၂)ပေခန့်ရှိလက်ပံပင်မှာကိုတင့်၊မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်) နှင့်ကိုထက်နိုင်၊ မနွယ်
နွယ်ဦးတို့၏လက်ဖက်ဆိုင်ပေါ်သို့လဲကျကာဈေးလာဝယ်သည့်တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့်
မောင်ပြည့်(၁၂)နှစ်တို့၂ဦးအားသစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ ရှိရသဖြင့်ရပ်ကွက်နေပြည် သူများ
နှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို တင်
ပို့ကုသလျက်ရှိကြောင်းသိရှိရ သည်။
ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို
့ကြာမျှလေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာလူ/ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်း
ကျောင်းရှိ ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ် ခန့်ပြုတ်ထွက်ပျက်စီး
ပြီးစာသင်ကျောင်းအရှေ့မျက်နှာစာမှစင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာဒိုင်းမျှားအချို့ ပျက်စီးသွားခဲ့ကြောင်း
သိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ကွမ်းခြံကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်
လန်ပြီး
အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ
အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွားပါ၃ဦးတွင်ဒဏ်ရာများရရှိခဲ့ကြောင်း၊လေးကသိန်းကျေးရွာတွင်အမကကျောင်း ခေါင်
မိုးတစ်ခြမ်းလန်ပြီးနေအိမ်(၆၅)လုံး၊နွားတင်းကုပ်(၂)လုံး၊နွားစာခြံ(၄)လုံးနှင့်စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း
၊သော်မှော်ကုန်းကျေးရွာတွင်ထရံကာ/၀ါးကြမ်းခင်း/ သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး(၃)လုံး အမိုးလန်ခဲ့
ကြောင်း၊ကံသာအေးကျေးရွာတွင်ထရံကာ/၀ါးကြမ်းခင်း/ သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး(၁)လုံး အမိုးလန်
ခဲ့ကြောင်းနှင့်ကျွန်းကုန်းကျေးရွာတွင်လည်းထရံကာ/၀ါးကြမ်းခင်း/ သက္ကယ်မိုးနေအိမ်(၂)လုံးအမိုးလန်ခဲ့ပြီး လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအ
RND: :23.4.2013
0 comments:
Post a Comment