တရုတ်မြန်မာနယ်စပ်ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အိုဌာနချုပ်လိုင်ဇာမှာဒီနှစ်သင်္ကြန်ပွဲကို ခါတိုင်းနှစ်တွေနဲ့မတူပဲ စည်စည်ကားကား
ကျင်းပနေတယ်လို့ လိုင်ဇာမြို့တော်ဝန်က ဒီနေ့မှာပြောပါတယ်။ အရင်နှစ်တွေက သင်္ကြန်ဟာ သာမန်ရေပက်တာလောက်သာ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ သင်္ကြန်ဖြစ်မြောက်ရေးအဖွဲ့တွေဖွဲ့ပြီး၊
လိုင်ဇာမြို့အဝင် မိုးလဲချောင်းတံတားထိပ်မှာ သင်္ကြန်မဏ္ဍပ်ထိုးပြီး
စည်စည်ကားကား ကျင်းပကြပါတယ်။ အဲဒီလို ဆင်နွှဲနေရာမှာ သင်္ကြန်အက၊
သံချပ်ပြိုင်ပွဲတွေအပြင် ညဖက်မှာ စင်တင်တေးဂီတနဲ့ ဖျော်ဖြေတာတွေရှိပါတယ်။ အရင်ကမရှိခဲ့ပဲ ဒီနှစ်မှထူးခြားစွာကျင်းပဖြစ်တဲ့ အကြောင်းကိုတော့ လိုင်ဇာမြို့တော်ဝန် ကရိန်နော်အောန်က အခုလိုပြောပြပါတယ်။
"ဒီမှာကတော့ စတိတ်ရှိုးအပိုင်း နောက်မှ ရိုးရာအက၊ ယိမ်းအကတွေပေါ့၊
သင်္ကြန်ဆိုတာ အရင်က လိုင်ဇာက ပြည်သူတွေ သိထားတာကတော့ ဒီဗုဒ္ဓဘာသာကို
အခြေခံပြီးတော့မှ လုပ်ထားတယ်ဆိုတာ သိထားတာ၊ ဒါပေမယ့်အခု
တကယ်တန်းသိလာတာကတော့ ဗမာပြည်အားလုံးနဲ့ဆိုင်တဲ့ နှစ်သစ်အတာသင်္ကြန်ဆိုတာ
သိလာရတယ်၊ ဒီမှာလည်း ကျနော်တို့ ဗမာပြည်ပါပဲ၊ ဒါကြောင့် ဘယ်နေရာမှာဖြစ်ဖြစ်
ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ တိုင်းရင်းသားတွေ
စုစည်းပြီးလုပ်သွားမယ်ဆိုတဲ့ အပိုင်းမှာရှိတယ်၊ နောက်နှစ်မှာလည်း
ဒီ့ထက်ပိုပြီးမှ စည်စည်ကားကားလုပ်သွားနိုင်မယ်လို့ မျှော်လင့်တယ် "
လိုင်ဇာမြို့တဝိုက်မှာကေအိုင်အေတပ်တွေတင်မကပဲမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ရခိုင် စတာတွေအပြင်
တခြားတပ်ဖွဲ့တွေလည်း ရှိတာကြောင့် အခုလိုကျင်းပဖြစ်တာလို့လည်း
လိုင်ဇာမြို့တော်ဝန်က ရှင်းပြပါတယ်။
လိုင်ဇာမြို့မှာကချင်တိုင်းရင်းသားတွေအပြင်ဗမာ၊ရှမ်း၊ရခိုင် တိုင်းရင်းသားတွေလည်း နေထိုင်နေကြပါတယ်။
"ဒီမှာကတော့ စတိတ်ရှိုးအပိုင်း နောက်မှ ရိုးရာအက၊ ယိမ်းအကတွေပေါ့၊ သင်္ကြန်ဆိုတာ အရင်က လိုင်ဇာက ပြည်သူတွေ သိထားတာကတော့ ဒီဗုဒ္ဓဘာသာကို အခြေခံပြီးတော့မှ လုပ်ထားတယ်ဆိုတာ သိထားတာ၊ ဒါပေမယ့်အခု တကယ်တန်းသိလာတာကတော့ ဗမာပြည်အားလုံးနဲ့ဆိုင်တဲ့ နှစ်သစ်အတာသင်္ကြန်ဆိုတာ သိလာရတယ်၊ ဒီမှာလည်း ကျနော်တို့ ဗမာပြည်ပါပဲ၊ ဒါကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ တိုင်းရင်းသားတွေ စုစည်းပြီးလုပ်သွားမယ်ဆိုတဲ့ အပိုင်းမှာရှိတယ်၊ နောက်နှစ်မှာလည်း ဒီ့ထက်ပိုပြီးမှ စည်စည်ကားကားလုပ်သွားနိုင်မယ်လိ
လိုင်ဇာမြို့တဝိုက်မှာကေအိုင်အေတပ်တွေတင်မကပဲမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်
0 comments:
Post a Comment