၂၀၁၀ ခုနှစ်လောက်ကတည်းက ဂျပန် Tochiba မှ AC100
အမည်ရ Laptop ကို Android OS နဲ့ ထုတ်လုပ် ဖြန့်ချိခဲ့ဖူး ပါတယ်။ Asus
Transformer Pad Infinity အမည်ရ Keyboard Dock ပါ Android Tablet ကလည်း
Netbook တစ်လုံးလိုတောင် အသတ်မှတ်ခံ ရပါတယ်။ ဒီတော့ Android OS နဲ့ Laptop
ထုတ်တယ် ဆိုတာ ပထမဆုံး မဟုတ်တော့ပါဘူး။
သို့ပေမယ့် Google ရဲ့  ကိုယ်ပိုင် Android OS နဲ့ ကိုယ်တိုင် Laptop လုပ်မယ်ဆိုတော့ အားလုံး စိတ်ဝင်စားကြပါတယ်။ Google Play Store လည်းပါမယ်။ Google ရဲ့  အခြားသော Service များလည်း ပါမယ်။ Android ဂိမ်းတွေ ဆော့လို့ရမယ် ဆိုတော့ တော်တော်လေး ကို ကောင်းတဲ့ အနေအထားပါ။

အသေးစား မိုဘိုင်းပစ္စည်းတွေ မှာပဲ
ကောင်းကောင်း အလုပ်လုပ်တယ်လို့ သတ်မှတ်ထားကြတဲ့ Android ဟာ PC
ပေါ်ရောက်လာနေပါပြီ။ သူကနေမှ အားသာချက် များ အားနည်းချက်များ ရှိပေမယ့်
လက်ခံနိုင်လောက်တဲ့ အနေအထား တစ်ခုကို Google က ချပြနိုင်မယ်လို့ ယုံကြည်
ထားကြပါတယ်။
Google ရဲ့  Android OS သုံး Laptop ကို ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။
Google ရဲ့  Android OS သုံး Laptop ကို ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။
Digittime
Aung Kham (Stuff Myanmar), Rangonnewsdaily
RND:5.4.2013
0 comments:
Post a Comment