Pages

Friday, March 1, 2013

လယ်သမား ဦးကျော်မြင့်မှ ဦးခင်ရွှေသို့ တိုင်ကြားပြီး - - -

သို့
စခန်းမှူး
ထောက်ကြန့်ရဲစခန်း
မင်္ဂလာဒုံမြို့နယ်
ရက်စွဲ ။ ၂၈ - ၂ - ၂၀၁၃

အကြောင်းအရာ ။ ဥပဒေအရအရေးယူဆောင်ရွက်ပေးပါရန်တိုင်ကြားခြင်း
ကျွန်တော်သည် မင်္ဂလာဒုံမြို့နယ် ၊ ပေါင်းကူဥာဏ ၊ စံပါယ်လမ်း ၊ အမှတ် ၁၈၁ တွင် နေ ထိုင်ပြီး ကွင်းအမှတ် (၅၃၁/၅၃၃) ရှိလယ်မြေ ( ၁၁ )ဧက ကို စိုက်ပျိုးလုပ်ကိုင်သော တောင်သူလယ်သမားတစ်ဦးဖြစ်ပါသည် ။
၁၉၉၀ ခု နှစ်တွင် ကျွန်တော် စိုက်ပျိုးလုပ်ကိုင်ခွင့်ရသော ( ၁၁ ) ဧကအား ဇေကမာ်္ဘကုမ်္ပဏီမှ
ဦးအိမ်ဦးစီးဌာနမှ စက်မှုဇုန်အပိုင်း(၄) အတွက် ခွင့်ပြုထား ပြီးဖြစ်ကြောင်း ဇေကမ်္ဘာကုမ်္ပဏီ ဥက်္ကဌ ဦးခင်ရွှေ
မှ လိမ်လည်ပြောဆိုပြီး လယ်ကန်သင်းများ ဘူဒိုဇာ များဖြင့် ဖျက်ဆီးခြင်း ၊ ကွန်ကရိလမ်းများပြုလုပ်ခြင်း ၊ လမ်းမီးတိုင်များ စိုက်ထူခြင်း ပြုလုပ်သဖြင့် ကျွန်တော်၏ ( ၁၁ ) ဧက လယ်ယာမြေ၏ ဧရိယာ ( ၀.၅၀ ) ဧက
ခန့် လျော့နည်းသွားပြီး ၄င်းတို့ တားသည့်ကြားမှ မိမိလယ်ယာမြေအားဆက်လက်စိုက်ပျိုးခဲ့ရာ မိုးစပါးတွင် တစ်နှစ်လျင် တင်း ၆၀၀ ထွက်ရှိသည်ကို ၄င်းတို့ ဖျက်ဆီးခဲ့သည့် ၂၀၁၀ ခု နှစ်မှစတင်၍ ယနေ့အချိန်အထိ (၃) နှစ် စပါးတင်းရေ ၁၈၀၀ ထွက်ရှိရမည့်အစား တင်း ၂၀၀ ခန့်သာရရှိခဲ့ပါသည် ။

နွေစပါးအနေဖြင့် နှစ်စဉ် (၁၁) ဧကအတွက် တင်း ၅၀၀ ခန့်ထွက်ရှိခဲ့ရာ ၄င်းတို့ ဖျက်ဆီးခဲ့သည့် ၂၀၁၀ ခု နှစ်
မှစတင်၍ ယနေ့အချိန်အထိ (၃) နှစ် အတွင်း လုံးဝစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပါသဖြင့် သုံးနှစ်စာအတွက်မိုးစပါး တင်း ၁၄၀၀ နွေစပါး တင်း ၁၅၀၀ ဆုံးရှုံးရသဖြင့် စုစုပေါင်း စပါးတင်း ၂၉၀၀ ဆုံးရှုံးရပါသည် ။

ကာလတန်ဖိုးအားဖြင့် ငွေကြေးဖြင့်တွက်သော် ကျပ်ငွေ ၁၂၀ သိန်း ခန့် ဆုံးရှုံး နစ်နာရပါ သည် ။ ထို့အပြင်
ကျွန်တော်၏ လယ်မြေ တစ်ဧကပေါ်တွင် အဆောက်အဦးအကြီးစားကြီးတစ်လုံး ကိုလည်း ၂၀၁၂ ခုနှစ် မိုး
ရာသီမှာ ဆောက်လုပ်ခဲ့ပါသည် ။ ကျွန်တော့်နည်းတူ ရွှေနံ့သာ လယ်သမားများ၏ လယ်ဧက ၈၁၅ ဧက သည်လည်း အလားတူဆုံးရှုံးခဲ့ပါသည် ။

သို့ဖြစ်ပါ၍ ကျွန်တော်တို့အားလိမ်လည်ပြီးလယ်ယာမြေများအား သိမ်းဆည်းခြင်း ၊ လယ်ယာမြေများ ပေါ်
တွင်ကျူးကျော်၍ အဆောက်အဦးဆောက်လုပ်ခြင်း ၊ ကွန်ကရိလမ်းများ ဖောက်ခြင်း၊ လမ်းမီးတိုင်များ စိုက်
ထူခြင်း၊ လယ်ကန်သင်းများအားဖျက်ဆီးခြင်း ၊ ဆိုင်းဘုတ် ထူခြိမ်းခြောက်ခြင်း ၊ လက်နက်ကိုင် လုံခြုံရေး များ
မှ ရိုက်နှက်မည်ဟု ခြိမ်းခြောက် ပိတ်ဆို့ခြင်း တို့ပြုလုပ်ရန်ညွှန်ကြားသူ ကျွန်တော့်၏ အကျိုးစီးပွါးအား ဖျက်
ဆီးသူ ဇေကမာ်္ဘကုမ်္ပဏီ၏ ဥက်္ကဌဖြစ်သူ ကော့မှူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ခင်ရွှေ အား ဥပဒေအရ အရေးယူ ပေးပါရန် လျှောက်ထားတိုင်ကြားအပ်ပါသည် ။


Posted by: RND: 1.3.2013
Nay Wai

0 comments:

Post a Comment