![]() |
ခြေထောက် ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံစိတ် ချရမှု အသိ အမှတ်ပြု လက်မှတ်အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
The Hybrid Assistive Limb (HAL)ဟုအမည်ပေးထားသော အားသွင်း စက်ရုပ် ခြေထောက်ဝတ်စုံအား ဂျပန်
စက်ရုပ် ထုတ်လုပ်သည့် ဆိုင်ဘာဒင်း ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူ စက်ရုပ် လက်ဝတ်စုံ ကို
လည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ အရည်အသွေး အာမခံချက် အား အပြည်ပြည် ဆိုင်ရာ လူသားအသုံးပြု စက်ရုပ်များ၏ လုံခြုံ စိတ်ချ
ရမှု အဆင့်အတန်း သတ်မှတ်သည့် အဖွဲ့အစည်းမှ ယခုနှစ် ကုန်ပိုင်းတွင် ပေးအပ် သွားမည်ဟု ယူဆ ရကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှ ပြောကြားခဲ့ သည်။
ဘက်ထရီ အသုံးပြု HAL သည် အသုံးပြုသူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် လိုက်လျော ညီထွေ ရှိစေရန် ထောက်
ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့် သက်ကြီး ရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေ
ရသည့် သက်ကြီး ရွယ်အိုများအတွက် အထောက် အကူ ပေးသွား နိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ် ကတည်း ကပင် ငှားရမ်းခဲ့ပြီး တစ်နှစ် ငှားရမ်းခမှာ တစ်စုံ လျှင် ယန်း ၁၇၈ဝဝဝ (အမေရိကန် ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် စက်ရုံသုံး စက်ရုပ်များ သုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ် ဝတ်စုံများအား
ဆေးရုံများနှင့် ဘိုးဘွား ရိပ်သာများတွင် တဖြည်းဖြည်း သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။
RND: 4.3.2013
မြ၀တီ
