Saturday, March 16, 2013
ဧပြီလ၁ရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ် ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချ
မည်ဟု နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ
စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို
တကယ်ရောင်းတဲ့အခါအခုပြောနေကြတဲ့ကျပ်နှစ်သောင်းဆိုတာထက်အများကြီး
လျော့နည်းတဲ့ဈေးနဲ့ ရောင်း
မှာပါ။
ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်'
ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက်အခြားမီဒီယာတွေကိုလည်းအဲဒီအတိုင်းကျွန်တော်ထပ်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်"
ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
နောက်ဆုံးရောင်းချခဲ့သောGSMSimCardဈေးနှုန်းများမှာငွေကျပ်၂သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှု
ကိုလက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်းထားသည်။
အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။
"ဖုန်းကတ်တွေထောင်ဂဏန်းဝန်းကျင်နဲ့ရောင်းမယ်ဆိုတာအင်တာနက်ပေါ်မှာတော့ တက်နေတယ်ပြော
တယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။
ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန်အထိ ညွှန်ကြား ထားတာ
မရှိသေးပါဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာချုပ်
ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ငွေကျပ် ၂
ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး
WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့်ရောင်းချ
မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့်
မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁
လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင်
ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀
သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ရသည်။
၂၀၁၁
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့်
ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့
ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။
Eleven Media Group
Rangonnewsdaily
RND: :16.3.2013
![]() |
Saturday, March 16, 2013
Eleven Media Group
ဧပြီလ၁ရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ် ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချ
မည်ဟု နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ
စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို
တကယ်ရောင်းတဲ့အခါအခုပြောနေကြတဲ့ကျပ်နှစ်သောင်းဆိုတာထက်အများကြီး
လျော့နည်းတဲ့ဈေးနဲ့ ရောင်း
မှာပါ။
ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်'
ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက်အခြားမီဒီယာတွေကိုလည်းအဲဒီအတိုင်းကျွန်တော်ထပ်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်"
ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
နောက်ဆုံးရောင်းချခဲ့သောGSMSimCardဈေးနှုန်းများမှာငွေကျပ်၂သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှု
နောက်ဆုံးရောင်းချခဲ့သောGSMSimCardဈေးနှုန်းများမှာငွေကျပ်၂သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှု
ကိုလက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်းထားသည်။
အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။
"ဖုန်းကတ်တွေထောင်ဂဏန်းဝန်းကျင်နဲ့ရောင်းမယ်ဆိုတာအင်တာနက်ပေါ်မှာတော့ တက်နေတယ်ပြော
အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။
"ဖုန်းကတ်တွေထောင်ဂဏန်းဝန်းကျင်နဲ့ရောင်းမယ်ဆိုတာအင်တာနက်ပေါ်မှာတော့ တက်နေတယ်ပြော
တယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။
ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန်အထိ ညွှန်ကြား ထားတာ
မရှိသေးပါဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာချုပ်
ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့်ရောင်းချ မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ရသည်။
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

1 comments:
ထောင်ဂဏန်းဆိုတာဖြစ်နိုင်ပမလား။အင်တာနက်လိုင်းရောပါပြီလား၊မပါသေးဘူးဆိုဘယ်လောက်ကုန်မလဲ၊
Post a Comment