Pages

Tuesday, February 19, 2013

ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည်မဟုတ်ဟု လျှပ်စစ်ဝန်ကြီးကတိပြု သော်လည်း ၂၄ နာရီမီးပေးမည်ဟုတ်ကတိမပေးခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ယခုနှစ်နွေရာသီတွင် ဓာတ်အားပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည်မဟုတ်ကြောင်း လျှပ်စစ်ဝန်
ကြီး ဦးခင်မောင်စိုးက ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ကတိပြုပြောဆိုလိုက်သည်။ လာမည့်နွေရာသီ
တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျမည်ဖြစ်သော်လည်း ဓာတ်ငွေ
့လျှပ်စစ်တာဘိုင်များတပ်ဆင်ထားခြင်းကြောင့် မဂ္ဂါဝပ် ၂၀၀
ခန့်သာ လျော့ကျမည်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ဆိုးရွားသော မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်မဟုတ်
ကြာင်း ၎င်းက ရှင်းပြသည်။

ဓာတ်အားပြတ်တောက်မှုမဆိုးရွားဟုဆိုသော်လည်း ၂၄ နာရီမီးပေးမည်၊ မပေးမည်ကို တိကျသေချာစွာ ရှင်းလင်းသွားခြင်းမရှိပေ။
 

RND: 19.2.2013
The Irrawaddy (Burmese Version)

0 comments:

Post a Comment

 
world time