20.2.2013
မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ
မူးယစ်ရာဇာ နော်ခမ်းနှင့် အ
ဖွဲ့ကို တရုတ် အာဏာပိုင်များက မောင်းသူမဲ့လေယာဉ် အသုံးပြု၍ ချေမှုန်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စီစဉ်ခဲ့သော်လည်း နော်ခမ်းကို အရှင်ဖမ်းရမည် ဟူသော အထက်အမိန့်ကြောင့်
ပယ်ဖျက်ခဲ့သည်ဟု တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး
တိုက်ဖျက်ရေး ဒါရိုက် တာ Liu Yuejin က ပြောကြောင်း South China Morning
Post သတင်းတွင် ဖော်ပြ ထားသည်။
နော်ခမ်းကို ၂၀၁၂ ဧပြီလအတွင်း လာအို နိုင်ငံတွင် ဖမ်းမိခဲ့ပြီး တရုတ် နိုင်ငံသို့ လွှဲပြောင်းယူ၍နိုဝင်ဘာလ
၌ ယူနန်တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ တရုတ် သဘောင်္သား ၁၃ ဦးသည်၂၀၁၁ခုနှစ် အောက်တိုဘာ
လ က မဲခေါင် မြစ် အတွင်း သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
RND: 20.2.2013
ဧရာဝတီ
20.2.2013
မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ မူးယစ်ရာဇာ နော်ခမ်းနှင့် အ

0 comments:
Post a Comment