လက်ပံတောင်း သပိတ်ကို ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့ကနေ ဖေါ့စ်ဖေါ်ရပ်စ် လို့ခေါ်တဲ့ မီးစုန်းဓာတ်ပါတဲ့ ဗုံးတွေအ သုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်
မြန်မာ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထဋ်က ဒီအစီရင်ခံစာအပေါ် ပယ်ချလိုက်တာ ဖြစ်ပြီး၊ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေအပေါ်ကိုတော့ သူက ဘာမှာ မှတ်ချက်ပြု ပြောကြားခြင်းမရှိပါ။
မြန်မာနိုင်ငံရှေ့နေများကွန်ယက်
သပိတ်ဖြိုခွဲရာမှာ ပေါက်ကွဲပြီး ကျန်ခဲ့တဲ့ ဗုံးထောင့် တလုံးကို ရှေ့နေများကွက်ယက်ကနေ နိုင်ငံခြား ဓာတ်ခွဲခန်းတခုမှာ စစ်ဆေးစေခဲ့ရာ၊ ဒီဗုံးဟာ စစ်တပ်မှာ သုံးတဲ့ မီးစုန်းဓာတ်ပါ ဗုံးတွေ ဖြစ်တယ်လို့ သိခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီတုန်းက သပိတ်ဖြိုခွဲမှုကြောင့် သံဃာတော်အများစု ပါဝင်တဲ့ သပိတ်ဆင်နွှဲနေသူ အတော်များများဟာ အင်မတန်မှ ပြင်းထန်လှတဲ့ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပြီး၊ ဒါဟာလည်း သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် ဆန္ဒပြသူတွေအပေါ် အစိုးရရဲ့ အပြင်းထန်ဆုံးသော ချေမှုန်းမှု ဖြစ်ပါတယ်။
RND:17.2.2013
BBC Burmese
0 comments:
Post a Comment