skip to main |
skip to sidebar
ပဲခူးတွင် ရေလွှဲတူးမြောင်းဖောက်လုပ်ရာမှ ဗုံးသီးဟောင်းများတွေ့
4:37 PM
Kolatt
နေပြည်တော်၊ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊
နှစ်ဆောင်ပြိုင်ကျေးရွာတွင် ဖေဖော်ဝါရီ၇ရက်က ကားလမ်းအားဖြတ်၍
ရေလွှဲတူးမြောင်းဖောက်လုပ်ရန် ဆည်မြောင်းဦးစီးဌာန၀န်ထမ်းများမှ
ဘက်ဟိုးယာဉ်ဖြင့် မြေတူးဖော်စဉ် ၆၀ မမ ဗုံးသီးဟောင်း(၃)လုံးတွေ့ရကြောင်းသိရသည်။
ကျွန်းကုန်းရဲစခန်း တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ
ထိပ်ဖူးလုံးပတ်(၆)လက်မခွဲ၊ ကိုယ်ထည်လုံးပတ် (၁၀)လက်မခန့်၊
အရှည်(၁၁)လက်မခန့်ရှိ သံချေးတက်နေသော ငှက်ပျောဖူးပုံသဏ္ဍာန် ဗုံးသီးဟောင်း
(၃)လုံးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး စစ်လက်နက်ပစ္စည်းတပ်သို့ အပ်နှံနိုင်ရေး
စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရဲဇာနည်မှသိရသည်။
ရဲဇာနည်
world time
0 comments:
Post a Comment