skip to main |
skip to sidebar
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဓါတ်ဆီပေပါထဲမှ သံပုံးထဲသို့ ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွား
9:04 PM
Kolatt
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၁၃၀ ချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၈
ရပ်ကွက်၊ မင်းကြီးညို လမ်း၊ သစ်အရောင်းအိမ်ယာဝင်းအနီးရှိ လမ်းဘေးတွင်
(၁၉)ရပ်ကွက်နေ မသန္တာလွင်(၃၈)နှစ် ပိုင်ဆိုင် သည့် ““ကောင်းမွန်””
စက်သုံးဆီအရောင်းဆိုင်တွင် ဓါတ်ဆီပီပါထဲမှ ၄ ဂါလံအား သံပုံးထဲသို့ ဆီတုံကင်
ဖြင့် ဆီဖြည့်နေစဉ် အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ
မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ
မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွပ်နေပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ
၁၁၄၅ ချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် မသန္တာလွင်တွင် ၀ဲလက်ဖျံနှင့် ၀ဲလက်ဖမိုးတို့၌
မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ၁၀ ပေ ပတ်လည်သွပ်မိုးထရံကာမြေစိုက် ၁
လုံး မီးလောင်ခဲ့ပြီး တန်ဖိုးငွေ ၁၀၆၀၀၀ိ/- ခန့် ဆုံးရှုံးခဲ့သဖြင့်
မသန္တာလွင်အား တောင်ငူအမှတ်(၁)ရဲစခန်း(ပ)၁၁၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
RND: 23.2.2013
ရဲဇာနည်
0 comments:
Post a Comment