skip to main |
skip to sidebar
မင်းပြားမြို့နယ် တွင် ဖယောင်းတိုင် မီးထွန်းလျက် အိပ်ပျော်သွားရာမှ မီးလောင်မှု ဖြစ်ပွား
10:05 AM
Kolatt
မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာ စာသင်ကျောင်း ရပ်ကွက်၌ ဇန်နဝါရီ ၂၅
ရက် ည ၉ နာရီခွဲက ဖယောင်းတိုင် မီးထွန်းပြီး အိပ်ပျော် သွားရာမှ နေအိမ်
မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်နေ
ဦးမောင်ရွှေသာ ၅၇ နှစ် နေအိမ်တွင် သားဖြစ်သူ အောင်နိုင် ဌေး ၉ နှစ်မှာ
ယင်းည ၉ နာရီ မိနစ် ၂ဝ က အိပ်ရာ ခေါင်းရင်း၌ ဖယောင်းတိုင် မီးထွန်းပြီး
အိပ်ပျော် သွားရာမှ နေအိမ် မီးကူးစက် လောင်ကျွမ်း ခဲ့သည်။
မီးလောင်မှုကြောင့် အမြင့် ၁၂ ပေ၊ အလျား ၁၈ ပေ၊ အနံ ၁၄ ပေရှိ ဓနိမိုး၊
ဝါးထရံကာ၊ကြမ်းခင်း သစ်သားတိုင် နှင့် ဆောက်လုပ်ထားသော နေအိမ် တစ်လုံး
မီးလောင် ဆုံးရှုံး သွားသဖြင့် မင်းပြား ရဲစခန်းမှ (ပ) ၂ဝ/၂ဝ၁၃ ပြစ်မှု
ပုဒ်မ၂၈၅အရ အမှုရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြ၀တီ
world time
0 comments:
Post a Comment