Pages

Tuesday, February 12, 2013

ပျားရည်နှင့်ပျားများအကြောင်း သိကောင်းစရာ


---------------------------------------------------------
ပျားရည်နှင့်ပျားများအကြောင်း သိကောင်းစရာ
---------------------------------------------------------
၁) ပျားတွေဟာ လူတွေအတွက်အစားအစာကို ထုတ်လုပ်ပေးနိုင်တဲ့ တစ်မျိုးတည်းသော အင်းဆက်တွေဖြစ်ပါတယ်... ပျားတစ်ကောင်ဟာ သူတို့ဘဝတစ်လျှောက်မှာ လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၂ ပုံ တစ်ပုံစာလောက်သာရှိတဲ့ ပမာဏကိုပဲ ထုတ်လုပ်နိုင်ပါတယ်....
၂) သူတို့ကိုခြိမ်းခြောက်လာတယ်လို့ခံစားရတာနဲ့ ပျားတွေဟာ ရန်သူကို တုပ်ဖို့ကြိုးစားကြပါတယ်... တုပ်ပြီးတဲ့အခါမှာလည်း ပျားတွေဟာသေဆုံးသွားရပါတယ်....
၃) ပျားရည် တစ်ပေါင်ကို ထုတ်လုပ်နိုင်ဖို့အတွက် လုပ်သားပျား ၅၅၆ ကောင်ဟာ ပန်းပွင့်ပေါင်း ၂ သန်းကျော်ကနေ ဝတ်ရည်တွေကိုစုဆောင်းရပါတယ်... ပျားတစ်ပေါင်ထုတ်လုပ်နိုင်ဖို့ ပျားတစ်ကောင်ချင်းစီဟာ အကွာအဝေး မိုင်ပေါင်း ကိုးသောင်းလောက်အထိ လှည့်လည်ပျံသန်းရပါတယ်....
၎) ပျားရည်ကို ရှေးခေတ်အခါက အီဂျစ်တွေဟာ ငွေပေးချေမှုပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်...
၅) ပျားအုံတစ်ခုမှာ ပျားဘုရင်မဟာ အကြီးဆုံးပျားဖြစ်ပြီး တစ်နေ့ကို ဥပေါင်း ၂၀၀၀ အထိ ဥနိုင်ပါတယ်....
၆) ပျားရည်ဟာ အစာကြေလွယ်ပါတယ်... ဘာကြောင့်လဲဆိုတော့ ပျားတွေက အစာချေပြီး ထုတ်လုပ်ထားတာဖြစ်လို့ပါပဲ....
၇) ပျားရည်ဟာ ကုသမှုစွမ်းရည်အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်... ဒဏ်ရာတွေကို လျင်မြန်ထိရောက်စွာ ကုသပေးနိုင်ပါတယ်....
၈) ပျားရည်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးခြင်းမရှိပါဘူး... အီဂျစ်က ပိရမစ်တွေကို တူးဖော်တဲ့အခါမှာ ဘူမိဗေဒပညာရှင်တွေဟာ အဲ့ဒီခေတ်အခါက ပျားရည်တွေကို အသုံးပြုနိုင်တဲ့အခြေအနေရှိတဲ့ အကောင်းအတိုင်းတွေ့ရှိခဲ့ပါတယ်...
၉) ပျားမျိုးစိတ်ပေါင်း နှစ်သောင်းလောက်ရှိပေမဲ့ အဲ့ဒီထဲက မျိုးစိတ် လေးခုကသာ ပျားရည်ကိုထုတ်လုပ်နိုင်ကြပါတယ်....
၁၀) ပျားရည်ကို သဘာဝအားဆေးလို့လည်း ခေါ်ကြပါတယ်... ဘာကြောင့်လဲဆိုတော့ သူ့မှာ ကာဘိုဟိုက်ဒရိတ်၊ ဂလူးကို့စ်၊ ဖရုတို့စ်နဲ့ အန်တီအောက်စီဒန့်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ....
------------------------------------------
Ref: General knowledge
Aye Chan Mon Re-post Date : 2013 Feb 12
News from: နှိုင်းရင့်နွေ

အေးချမ်းမွန်


၁) ပျားတွေဟာ လူတွေအတွက်အစားအစာကို ထုတ်လုပ်ပေးနိုင်တဲ့ တစ်မျိုးတည်းသော အင်းဆက်တွေဖစ်
ပါတယ်... ပျားတစ်ကောင်ဟာ သူတို့ဘဝတစ်လျှောက်မှာ လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၂ ပုံ တစ်ပုံစာ
လာက်သာရှိတဲ့ ပမာဏကိုပဲ ထုတ်လုပ်နိုင်ပါတယ်....
၂) သူတို့ကိုခြိမ်းခြောက်လာတယ်လို့ခံစားရတာနဲ့ ပျားတွေဟာ ရန်သူကို တုပ်ဖို့ကြိုးစားကြပါတယ်... တုပ်ပြီး
တဲ့အခါမှာလည်း ပျားတွေဟာသေဆုံးသွားရပါတယ်....

၃) ပျားရည် တစ်ပေါင်ကို ထုတ်လုပ်နိုင်ဖို့အတွက် လုပ်သားပျား ၅၅၆ ကောင်ဟာပန်းပွင့်ပေါင်း၂ သန်းကျော်
ကနေ ဝတ်ရည်တွေကိုစုဆောင်းရပါတယ်... ပျားတစ်ပေါင်ထုတ်လုပ်နိုင်ဖို့ ပျားတစ်ကောင်ချင်းစီဟာ အကွာ
အဝေး မိုင်ပေါင်း ကိုးသောင်းလောက်အထိ လှည့်လည်ပျံသန်းရပါတယ်....

၎) ပျားရည်ကို ရှေးခေတ်အခါက အီဂျစ်တွေဟာ ငွေပေးချေမှုပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်...

၅) ပျားအုံတစ်ခုမှာ ပျားဘုရင်မဟာ အကြီးဆုံးပျားဖြစ်ပြီး တစ်နေ့ကို ဥပေါင်း ၂၀၀၀ အထိ ဥနိုင်ပါတယ်....

၆) ပျားရည်ဟာ အစာကြေလွယ်ပါတယ်... ဘာကြောင့်လဲဆိုတော့ ပျားတွေက အစာချေပြီး ထုတ်လုပ်ထား
တာဖြစ်လို့ပါပဲ....

၇) ပျားရည်ဟာ ကုသမှုစွမ်းရည်အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်... ဒဏ်ရာတွေကို လျင်မြန်ထိ
ရာက်စွာ ကုသပေးနိုင်ပါတယ်....

၈) ပျားရည်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးခြင်းမရှိပါဘူး... အီဂျစ်က ပိရမစ်တွေကို တူးဖော်တဲ့အခါမှာ ဘူ
မိဗေဒပညာရှင်တွေဟာ အဲ့ဒီခေတ်အခါက ပျားရည်တွေကို အသုံးပြုနိုင်တဲ့အခြေအနေရှိတဲ့ အကောင်းအ
တိုင်းတွေ့ရှိခဲ့ပါတယ်...

၉) ပျားမျိုးစိတ်ပေါင်း နှစ်သောင်းလောက်ရှိပေမဲ့ အဲ့ဒီထဲကမျိုးစိတ် လေးခုကသာပျားရည်ကိုထုတ်လုပ်နိုင်ကြ
ပါတယ်....

၁၀) ပျားရည်ကို သဘာဝအားဆေးလို့လည်း ခေါ်ကြပါတယ်... ဘာကြောင့်လဲဆိုတော့ သူ့မှာ ကာဘိုဟိုက်
ဒရိတ်၊ ဂလူးကို့စ်၊ ဖရုတို့စ်နဲ့ အန်တီအောက်စီဒန့်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ....
  
 နှိုင်းရင့်နွေ

0 comments:

Post a Comment