iPad ဗားရှင်းအသစ်တော့ မဟုတ်ပါဘူး။ လက်ရှိ 4th generation iPad လိုပဲ ၉.၇
Retina display၊ A 6X ပရော်
ဆက်ဆာ၊ iOS 6.1, HD FaceTime ကင်မရာ
တွေပါဝင်ပြီး ဒေတာသိမ်းဆည်းဖို့နေရာကို ယခင်ထက် ၂ ဆ
တိုးပြီး 128 GB နဲ့
လာမယ့်င်္ဂါနေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အရောင်ကတော့
အဖြူနဲ့အနက်ရောင် ဖြစ်ပြီး 126 GB WiFi မိုဒယ်ကို ၇၉၉ ဒေါ်လာ နဲ့ 126 GB
WiFi + Cellular မိုဒယ် ကိုတော့ ၉၂၉ ဒေါ်လာ ဈေးရှိမယ်လို့ သိရပါတယ်။ Apple
store မှာ app ပေါင်း ၈ သိန်းကျော်
ရှိပြီး app ၃ သိန်းလောက်က iPad
အတွက်သီးသန့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ 128 GB iPad ထုတ်ရတဲ့
အဓိကရည်ရွယ်ချက်က ပညာရေးနယ်ပယ်မှ ဆရာဆရာမများ၊ ပန်းချီအနုပညာ
ရှင်များ၊
ကုမ္ပဏီများ နဲ့ ကိုယ်ပိုင်လိုအပ်ချက်ရှိသူတွေ အတွက်ဖြစ်တယ်လို့ သိရပါတယ်။
(ကိုးကား။ ။Information Week, Jan 29, 2013, Apple Adds 128-GB iPad Starting At $799)
Myanmar1
(ကိုးကား။ ။Information Week, Jan 29, 2013, Apple Adds 128-GB iPad Starting At $799)
0 comments:
Post a Comment