Pages

Saturday, January 12, 2013

အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိ

အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိ

ပါကစ္စတန် အနောက်မြောက် ပိုင်းရှိ မြောက်ဝါဇီ ရစ္စတန် မျိုးနွယ်စု ဒေသတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက် မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါ မျိုးနွယ်စု ဒေသ၏ Mir Ali ဧရိယာတွင် တည်ရှိသော Eissu Khel ရွာရှိ နေအိမ် တစ်လုံးအား ဇန်နဝါရီလ ၁ဝ ရက်နေ့ အစောပိုင်းတွင် ဒုံးကျည် ၄ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၎င်းနေအိမ်မှာ လုံးဝပျက်စီး သွားခဲ့ကြောင်း ဒေသခံ သတင်း ဌာန၏ ထုတ်ပြန်ချက် အရ သိရှိရ ပါသည်။ ပါကစ္စတန် နိုင်ငံ၏ မျိုးနွယ်စု ဒေသများသည် နေ့စဉ်နီးပါး အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်ခြင်းကို တွေ့ကြုံ ခံစားနေ ရပါသည်။ အဆိုပါ တိုက်ခိုက်မှု များသည် စစ်သွေးကြွ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားလျက် ရှိသော်လည်း အပြစ်မဲ့ ပြည်သူ များသာ ထိခိုက်ဆုံးရှုံး နစ်နာမှု များနှင့် ကြုံတွေ့နေ ရပါသည်။ မြောက်ဝါဇီ ရစ္စတန် ပြည်နယ် Miranshah ခရိုင်ရှိ Haiderkhel ရွာတွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့က အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး ခဲ့ပါသည်။ ဇန်နဝါရီလ ၆ ရက် နေ့ကလည်း အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ ပါသည်။ အမျိုးသမီး များနှင့် ကလေးများ အပါအဝင် ပါကစ္စတန် ပြည်သူများ သေဆုံးနေ ရမှုသည် အမေရိကန်နှင့် ပါကစ္စတန် အကြား ဆက်ဆံရေး များအား တင်းမာစေ ခဲ့ပါသည်။

http://www.myawady.com.mm/allnews/global/item/4168-2013-01-11-15-23-56

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


ပါကစ္စတန် အနောက်မြောက် ပိုင်းရှိ မြောက်ဝါဇီ ရစ္စတန် မျိုးနွယ်စု ဒေသတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ လေကြောင်း တိုက်ခိုက် မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အခြားလူ အချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။အဆိုပါ မျိုးနွယ်စု ဒေသ၏ Mir Ali ဧရိယာတွင် တည်ရှိသော Eissu Khel ရွာရှိ နေအိမ် တစ်လုံးအား ဇန်နဝါရီလ ၁ဝ ရက်နေ့ အစောပိုင်းတွင် ဒုံးကျည် ၄ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၎င်းနေအိမ်မှာ လုံးဝပျက်စီး သွားခဲ့ကြောင်း ဒေသခံ သတင်း ဌာန၏ ထုတ်ပြန်ချက် အရ သိရှိရ ပါသည်။ 
 ပါကစ္စတန် နိုင်ငံ၏ မျိုးနွယ်စု ဒေသများသည် နေ့စဉ်နီးပါး အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်ခြင်းကို တွေ့ကြုံ ခံစားနေ ရပါသည်။ အဆိုပါ တိုက်ခိုက်မှု များသည် စစ်သွေးကြွ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားလျက် ရှိသော်လည်း အပြစ်မဲ့ ပြည်သူ များသာ ထိခိုက်ဆုံးရှုံး နစ်နာမှု များနှင့် ကြုံတွေ့နေ ရပါသည်။
 မြောက်ဝါဇီ ရစ္စတန် ပြည်နယ် Miranshah ခရိုင်ရှိ Haiderkhel ရွာတွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့က အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး ခဲ့ပါသည်။ ဇန်နဝါရီလ ၆ ရက် နေ့ကလည်း အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ ပါသည်။ 
အမျိုးသမီး များနှင့် ကလေးများ အပါအဝင် ပါကစ္စတန် ပြည်သူများ သေဆုံးနေ ရမှုသည် အမေရိကန်နှင့် ပါကစ္စတန် အကြား ဆက်ဆံရေး များအား တင်းမာစေ ခဲ့ပါသည်။
 မြ၀တီ 

0 comments:

Post a Comment

 
world time