![တစ်ကိုယ်လုံး အမွှေးနက်များဖုံးနေသည့် ၆ နှစ်သမီးလေး
Saturday, January 12, 2013
အသက် ၆ နှစ်အရွယ်ရှိ ကြိုင်လိလူးဆိုသည့် ကျောင်းသူလေးတစ်ဦးသည်
မွေးလာကတည်းက တစ်ကိုယ်လုံး အမွှေးနက်များ ဖုံးလွှမ်းနေပြီး၊ မျက်နှာအပါအ၀င် သူမတစ်ကိုယ်လုံး၏ ၆၀ ရာခိုင်နှုန်းခန့်ကို
အမွှေးနက်များ ဖုံးလွှမ်းနေကြောင်း သိရသည်။
သူမ၏ ထူးဆန်းသော အနေအထားသည် သန်း ၁၀၀၀ တွင် တစ်ဦးတွေ့နိုင်ရန်ခက်ခဲသော်လည်း မိဘများက စွန့်ပစ်နိုင်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ သူမ အသက် ၂ နှစ်သမီး
အရွယ်တွင် အိမ်၌ မိခင်ဖြစ် သူက ထားခဲ့ပြီး အပြင်သို့သွားနေစဉ် ဖခင်က ကလေးထိန်းဌာနရှေ့တစ်နေရာတွင် သွားရောက်စွန့်ပစ်ခဲ့ဖူး သည်။
နေ့ကလေးထိန်းကျောင်းမှ ဆရာမများက သတင်းစာတွင် ကလေးပျောက်ကြေညာမှ နောက် ၆ လအကြာတွင် ဆွေမျိုးများက
တွေ့ရှိပြီး ပြန်ခေါ်ကာ မိဖများထံ အပ်နှံခဲ့ရသည်။ အိမ်တွင် မိဖများက မနှစ်မြို့သဖြင့် အဖိုးဖြစ် သူက ကြည့်ရှုစောင့်ရှောက်ပေးထားရသည်။
သူမကို အရွယ်တူကလေးများက နောက်ပြောင်စကြသဖြင့် လူတောထဲ
မတိုးရဲလောက်အောင် ဖြစ်နေရကြောင်း၊ ထို့ပြင် ကျောင်းနေသည့် အရွယ်ရောက်လာသည့်တိုင်း အပေါင်းအသင်းမရှိခဲ့ကြောင်း၊ လူထူးလူဆန်းတစ်ဦး အနေဖြင့် ၀ိုင်းဝန်းကြည့်နေကြသောကြောင့် ကလေးအနေဖြင့် နေထိုင်ရ အခက်အခဲများရှိကြောင်းသိရသည်။
မောက္ခ
အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn1/s480x480/12594_394970157261190_370280229_n.jpg)
အသက် ၆ နှစ်အရွယ်ရှိ ကြိုင်လိလူးဆိုသည့် ကျောင်းသူလေးတစ်ဦးသည်မွေးလာကတည်းကတစ်ကိုယ်လုံး
အမွှေးနက်များ ဖုံးလွှမ်းနေပြီး၊ မျက်နှာအပါအ၀င် သူမတစ်ကိုယ်လုံး၏ ၆၀ ရာခိုင်နှုန်းခန့်ကိုအမွှေးနက်များ ဖုံးလွှမ်းနေကြောင်း သိရသည်။ သူမ၏ ထူးဆန်းသော အနေအထားသည် သန်း ၁၀၀၀ တွင် တစ်ဦးတွေ့နိုင်ရန်ခက်ခဲသော်လည်း မိဘများ
က စွန့်ပစ်နိုင်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ သူမ အသက် ၂ နှစ်သမီးအရွယ်တွင် အိမ်၌ မိခင်
ဖြစ် သူက ထားခဲ့ပြီး အပြင်သို့သွားနေစဉ် ဖခင်က ကလေးထိန်းဌာနရှေ့တစ်နေရာတွင် သွားရောက်စွန့်ပစ်
ခဲ့ဖူး သည်။
နေ့ကလေးထိန်းကျောင်းမှ ဆရာမများက သတင်းစာတွင် ကလေးပျောက်ကြေညာမှ နောက် ၆ လအကြာ
တွင် ဆွေမျိုးများကတွေ့ရှိပြီး ပြန်ခေါ်ကာ မိဖများထံ အပ်နှံခဲ့ရသည်။ အိမ်တွင်မိဖများကမနှစ်မြို့သဖြင့် အဖိုး
ဖြစ် သူက ကြည့်ရှုစောင့်ရှောက်ပေးထားရသည်။
သူမကိုအရွယ်တူကလေးများက နောက်ပြောင်စကြသဖြင့်လူတောထဲမတိုးရဲလောက်အောင် ဖြစ်နေရကြောင်း၊
ထို့ပြင် ကျောင်းနေသည့်
အရွယ်ရောက်လာသည့်တိုင်း အပေါင်းအသင်းမရှိခဲ့ကြောင်း၊ လူထူးလူဆန်းတစ်ဦး
အနေဖြင့် ၀ိုင်းဝန်းကြည့်နေကြသောကြောင့် ကလေးအနေဖြင့် နေထိုင်ရ
အခက်အခဲများရှိကြောင်းသိရ
သည်။
မောက္ခ
![]() |

0 comments:
Post a Comment