
ဇန်န၀ါရီလ
၁၉ ရက်နေ့  ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ စက်သစ်
ရပ်ကွက်ရှိ အမှတ် (၁) မြို့ မဈေးအတွင်းရှိ ပလပ်စတစ်ပစ္စည်းဆိုင် တစ်ဆိုင်၏
အပေါ်မှ ဖြတ်ကျော်သွယ်တန်းထားသော လျှပ်စစ်
ဝါယာကြိုးရှော့ ဖြစ်ပြီး
ထုတ်တန်းမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်မြို့ ၊ မြို့ မဈေး မီးလောင်ရာသို့  မော်လမြိုင်မြို့နယ်၊ မုဒုံ
မြို့နယ်၊ သံဖြူဇရပ်မြို့ နယ်တို့ မှ မီးသတ်
ယာဉ် (၁၂) စီး ၊ ရေသယ်ယာဉ်များ
ပြည်သူလူထုအားဖြင့် ငြိမ်းသတ်ခဲ့ရာ ဇန်န၀ါရီလ၂၀ ရက်နေ့  တနင်္ဂနွေ
နေ့  နံနက်
၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးစွယ်ကြိုးသွားခဲ့သည်။
မီးလောင်မှု
ကြောင့် မြို မဈေးကြီးအတွင်းရှိလျှပ်စစ်ပစ္စည်းဆိုင်(၂၇) ဆိုင်၊
ရွှေဆိုင် (၉၅) ဆိုင်၊ ကုန်ခြောက်
ဆိုင် (၄၁) ဆိုင် ၊ အထည်ဆိုင် (၂၁၅) ဆိုင်၊
အခြားပစ္စည်းရောင်းဆိုင် (၇၆) ဆိုင်၊ ဆိုင်ခန်းလွတ် (၁၃၈) ခန်း
၊ ပြင်ပဆိုင်
(၅) ဆိုင်၊ စုစုပေါင်း (၅၉၇) ဆိုင်မှ ရောင်းကုန်ပစ္စည်းများ
မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးကြောင်း နှင့်
သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု များမရှိကြောင်း သတင်းရရှိပါသည်။
Eleven Media, Popular Myanmar

![]() |
![]() |
![]() |
![]() |
ယင်းမီးကို ယမန်နေ့ည ၁၁ နာရီ ၃၀ ခန့်တွင် စတင်သတိပြုမိခဲ့ပြီး
မိနစ်ပိုင်းအတွင်း အပေါ်ဈေးတစ်ဈေးလုံး ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။
“ လက်ဖက်ရည်ဆိုင်ကနေ ည ၁၁း၃၀ ပြန်လာတော့ ကွန်ပြူ
တာဖွင့်ပြီး
အင်တာနက်သုံးတာ ဆယ်မိနစ်လောက် ပဲရှိသေးတယ် စကားသံတွေကြားလို့
အပြင်ထွက်ကြည့်
တော့ ဒီ ချမ်းမြေ့သီရိအနောက်ဘက်က ဆိုင်တန်းရဲ့ ဟိုးဘက်အဆုံး
ပန်းပင်တွေရောင်းတဲ့ဆိုင်ဘက်နားမှာ
မီးလောင်နေတာတွေ့တယ်” မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားသည့်
ဆိုင်တန်းကပ်ရက်တွင် နေသူ ကိုကျော်စွာလွင်ကပြောသည်။
![]() |
![]() |
![]() |
![]() |
0 comments:
Post a Comment