ရန်ကုန်-ဇန်န၀ါရီ၂၇
ဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့သည် စည်းကမ်းပိုင်းဆိုင်ရာ အားနည်း ပျက်ကွက်နေခြင်းနှင့်ဘုရား
ဈေးသားများ၏ နစ်နာမှု များအား ဖြေရှင်းပေးရန်ဈေးသူဈေးသားများက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေ
သကြီးအစိုးရအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။`ပထမအကြိမ် နိုဝင်ဘာ ၁၆ ရက်မှာ တိုင်ကြားလို့ ခေါ်ယူစစ်ဆေးခဲ့ပေမယ့်အခုအချိန်အထိတစ်စုံတစ်ရာ
သတင်းထုတ်ပြန်ခြင်း မရှိလို့ ထပ်တိုင်တာပါ´ဟုဆိုင်အမှတ် ၇ မှ ပန်းသည် မကျေးကျော်စံက ပြောသည်။
ဗိုလ်တစ်ထောင်ဘုရား၌ ရောင်းချလျက်ရှိသောဈေးသည်များသည် ဆိုင်ခန်းခ လေလံနှုန်းများတစ်နှစ်ထက်
တစ်နှစ် ကြီးမြင့်လာခြင်း၊ ဈေးသည်များ၏အခက်အခဲတို့ကိုဂေါပကအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးသဘောတူညီချက်
များ ရရှိခဲ့သော်လည်းအကောင်အထည်မဖော်ခဲ့သဖြင့် ထပ်မံတောင်းဆိုရကြောင်း ဆက်ပြောသည်။
ပြည့်ဖြိုး

0 comments:
Post a Comment