အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ
ဖြစ်ပါတယ်။ ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကို
အသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။
လေတိုင်ကီထဲမှာ လေ ၁၇၅ လီတ သိပ်ထည့်ထားပါမယ်။ ယင်း Compressed Air ဟာ ကားကို ၁၂၅ မိုင်စာ
မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို Airpod concept car လို့အမည်ပေးထားပါတယ်။ ၁၂၅ မိုင်မောင်းနှင်ပြီးနောက် နောက်ထပ်
မောင်းနှင်ဖို့ လေကိုဘယ်လိုထပ်ဖြည့်ရမယ်ဆိုတာကတော့တာတာအတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်
။လျှပ်စစ်ကားဆိုရင်ဘက်ထရီတစ်လုံးဆောင်သွား အိုကေပေမယ့် လေအိုးကျတော့ ဘယ်လိုမှ ဆောင်မရ
ဖြစ်နေပါတယ်။ဒါကြောင့်အပြင်က အလိုအလျောက်ရနေတဲ့ လေကို အိုးထဲ သိပ်ထည့်နိုင်တဲ့ (Compressed)
လုပ်ပေးနိုင်တဲ့ System သာ ပေါင်းစပ်ပေးလိုက်ရင် တီထွင်မှု အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။
ဒါကြောင့်မကြာမီကာလမှာ ကြိမ်းသေထွက်လာတော့မယ့် Airpod ကားအတွက် တာတာက ဈေးနှုန်းတောင်
သက်မှတ်လိုက်ပါပြီ။ အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဘီးသုံးဘီးပါပြီး လူ ၃ဦး စီးနိုင်တဲ့ ယင်းကားကို ဥရောပ၊ အမေရိက၊ အာရှ ကမ္ဘာတစ်လွှား ဖြန့်ချိနိုင်ဖို့ တာတာမှ မျော်မှန်ထားပါတယ်။
ကားအလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက်ကြည့်ရှနိုင်ပါတယ်။
http://www.youtube.com/
monicakyaw
0 comments:
Post a Comment