Pages

Friday, January 25, 2013

၁၆ ရက်ကြာပင်လယ်ပြင်ခရီးတွင်ဆန် ၄ နပ်သာစားခဲ့ရသောရိုဟင်ဂျာဒုက္ခသည်များ

ဖူးကတ် ။ ။ ယမန်နေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့သို့ရောက်ရှိ သွားသော ရိုဟင်ဂျာ ဒုက္ခသည် များသည် ၁၆ ရက်ကြာ ပင်လယ်ပြင် ခရီးတွင် ဆန်အစိမ်းကို ၄ နပ်ကို သာစားခဲ့ ရသည်ဟု ဖူးကတ်မြို့သို့ရောက်ပြီး အာဏာပိုင်များ ကိုပြောကြား ခဲ့ကြောင်း ဖူးကတ်မြို့ထုတ် အင်္ဂလိပ် သတင်းစြာ ဖစ်သည့် Phuket Gazette တွင်ရေးသားဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော လူမျိုးသန့်စင်ခြင်း ကိုရှောင်ရှားရန် ထွက်ပြေးလာကြသော အဆိုပါ ရိုဟင်ဂျာလှေစီး ဒုက္ခသည်များ ကိုဒေသခံငါးဖမ်းသမားများမှ ဖန်းငါကမ်းခြေတွင် ယမန်နေ့ နံနက် ၁၁ နာရီ တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ထိုစက်လှေကို ကူသာဘူရီခရိုင်၊ တာကူဝါပါ နယ်ခြားရဲများနှင့် ဖန်းငါရေ တပ်ရဲများမှ အရာရှိ ၃၀ ခန့် သွားရောက် ၍ ခိုဖရာသောင်ကမ်းခြေမြောက်ဘက် ၃ မိုင်အကွာမှဆွဲယူလာခဲ့သည်။ 

“သူတို့တွေကမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဇန်န၀ါရီလ (၇) ရက်နေ့မှာ ထွက်လာခဲ့တယ်။ပင်လယ် ပြင် မှာ၁၆ရက်ကြာနေခဲ့ရပြီး ၊မလေးရှား (သို့မဟုတ်)ထိုင်းနိုင်ငံကိုအလုပ်အကိုင်ရှာဖွေဖို့အတွက် ရောက်အောင် သွားမယ် ဆို တဲ့မျှော်လင့်ချက်နဲ့ လာကြတာ။ သူတို့အား လုံးတော်တော်လေး ပင်ပန်းနေကြ တယ်” ဟုကူသာဘူရီ ခရိုင် ရဲတပ်ဖွဲ့မှူး မာနီသ်ပီယန်သောင်က ပြောပါသည်။ 

“သူတို့ပြောတာကတော့ သူတို့ထွက်လာကတည်းက ဆန်အစိမ်း ၄ နပ်နဲ့ရေဘဲသောက်ခဲ့ရတယ်” အဆိုပါ ခရိုင်ရဲမှူးမှ ဆက်လက်ပြောပါသည်။ 

ထို ဒုက္ခသည် များကို ကူသာဘူရီမြို့ခန်းမ ကိုခေါ်ဆောင် သွားခဲ့သည်။ ၁၉ ယောက်မှာ အခြေအနေဆိုး ရွားနေသောကြာင့်သွေးကြောထဲသို့ဆေးသွင်းခဲ့ရသည်။

“ဆရာဝန်တွေနဲ့ သူနာပြုတွေခေါ်ပြီး သူတို့ကိုပြုစုခဲ့ရတယ်။ တစ်ချို့ဒုက္ခ သည်တွေကဖျားနေတယ်။ တစ် ချို့က ဒဏ်ရာစိမ်းတွေနဲ့။ ဆရာဝန်တွေကသူတို့အားလုံးကို ပဋိဇီဝဆေးထိုးပေးထားတယ်” ဟုခရိုင်ရဲမှူး မာနီသ် ကပြောပါသည်။ “ရဲအရာရှိတွေက သူတို့ကို အစားအသောက်နဲ့ အခြားလိုအပ်တာတွေကို ပြန်ပို့ဖို့ အ တွက် ဖန်းငါ လူဝင်မှုကြီးကြပ်ရေး စခန်းကို မပို့ခင်မှာပေးခဲ့တယ်” ဟု၎င်းက ဆက်၍ပြောသည်။
Shwe Zin
Bankok News:

0 comments:

Post a Comment