Pages

Tuesday, January 15, 2013

ချယ်လ်ဆီးသမိုင်းတွင် ဒုတိယအများဆုံး ဂိုးသွင်းရှင် ဖြစ်လာသည့် လမ်းပတ်

lampard

ပရီးမီးယားလိဂ်မှ ချယ်လ်ဆီး ကွင်းလယ်ကစားသမား ဖရန့်ခ် လမ်းပတ်သည် အသင်း၏သမိုင်းတွင် ဒုတိယမြောက် ဂိုးအများဆုံးသွင်းသည့် ကစားသမား ဖြစ်လာသည်။
လမ်းပတ်သည် ပရီမီးယားလိဂ်ပွဲစဉ် ၂၂ အဖြစ် စတုတ်စီးတီးနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအတွက် ပင်နယ်တီမှတစ်ဆင့် ဂိုးတစ်ဂိုး သွင်းယူခဲ့ရာ ၎င်း၏ ချယ်လ်ဆီးကစားသမား သက်တမ်းတစ်လျှောက် သွင်းဂိုး ၁၉၄ ဂိုးရှိလာပြီး ချယ်လ်ဆီးသမိုင်းတွင် ဒုတိယ ဂိုးအများဆုံးသွင်းသူ ဖြစ်လာသည်။

ချယ်လ်ဆီးအသင်း၏ သမိုင်းတွင် ဘော့ဘီ တမ်ဘ်လင်းက ဂိုးပေါင်း ၂၀၂ ဂိုးသွင်းယူကာ ဂိုးအများအဆုံးသွင်းယူသည့် ကစားသမားအဖြစ် စံချိန်တင်ထားသည်။

ချယ်လ်ဆီးအသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ထိပ်တန်းကစားသမား ၉ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဘော့ဘီ တမ်ဘ်လင်း - ၂၀၂ ဂိုး

၂။ ဖရန့်ခ် လမ်းပတ် - ၁၉၄ ဂိုး

၃။ ကယ်ရီ ဒစ်ဆွန် - ၁၉၃ ဂိုး

၎။ ဒီဒီယာ ဒရော့ဂ်ဘာ - ၁၅၇ ဂိုး

၅။ ရွိုင်း ဘန်တလေ - ၁၅၀

၆။ ပီတာ အော့စ်ဂွတ် - ၁၅၀

၇။ ဂျမ်မီ ဂရီဗက်စ် - ၁၃၂

၈။ ဂျော့ဂ်ျ မေးလ်စ် - ၁၂၅

၉။ ဂျော့ဂ်ျ ဟီလ်စ်ဒွန် - ၁၀၈

Source: ChelseaFC

0 comments:

Post a Comment

 
world time