ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြ
ဖောက်လာကြောင်း သိရသည်။ ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန်အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်တော်ပေါ်မှာဖျာတွေ၊စောင်တွေ ဌား
ပြီးနေကြတယ် ဒါပေမယ့် ရာသီဥတုကအရမ်းအေးတော့ဘုရားဖူးတွေဒုက္ခရောက်ကြတယ် ဒါကြောင့် Camp
တွေ
ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင်
ကိုကျော်ကြီးက ပြောကြားသည်။ ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေးဒဏ်
ကိုခံနိုင်ရည်ရှိပြီကြောင်းတဲကိုသော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန်မလိုကြောင်း၊
တစ်
ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင်
ယာယီတဲ ၁၅လုံးကို စတင်ဌားရမ်း
နေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်းပေးနိုင်အောင်လည်း စီစဉ်လျက်ရှိကြောင်းသိရသည်။
ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်း
ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်း
စရာဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ
တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေ
ခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုကတောင်ပေါ်မှာအရမ်းအေးတာ အသက်
ကြီးတဲ့သူတွေနဲ့ ကလေးတွေအတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ်ဘုရားပေါ်မှာယာယီ တဲလေးတွေ
ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေဈေးကြီးတော့ တချို့ ပိုက်ဆံချို့ တဲ့တဲ့ဘုရားဖူးတွေ
အတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့သူ ဒေါ်ခင်လေးကပြောကြားသည်။
ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်း
ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်း
ခနှုန်းထားများမှာလ ည်း အနိမ့်ဆုံးခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန်တည်းခိုခန်း
များတွင်ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း
ဘုရားဖူးများအနေဖြင့် ဟိုတယ်စရိတ်
များဈေးကြီးခြင်းနှ င့် တည်းခိုစရာနေရာမရရှိသည့်အခက်အခဲကြောင့်ဘုရားဖူးပြီးသည်နှင့်ချက်ချင်းပြန် သွား
ရသော ခရီးသည်များ ရှိသဖြင့်ည၁၀နာရီအထိ တောင်ပေါ်အတက်အဆင်းကားများကို စီစဉ်ပေးခဲ့ရကြောင်း
သိရသည်။
ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်းမြင့်များမှုတို့ကြောင့် ရင်ပြင်တော်
ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်းမြင့်များမှုတို့ကြောင့် ရင်ပြင်တော်
ပေါ်တွင် တည်းခိုနိုင်ရန် ဖျာနှင့်
ခေါင်း အုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်းလုပ်ငန်းများ ပေါ်
ပေါက်လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင်တသောင်းကျပ်ဖြင့်ယာယီတဲဌားရမ်းခြင်း
လုပ်ငန်းအသစ် စတင်ထိုးဖောက်လာခြင်းဖြစ်သည်။
ဆုဝေ
The Myanma Age
0 comments:
Post a Comment