Pages

Tuesday, December 11, 2012

ရက်ပ်ပါဂီတသမားများကို ပုတ်ခတ်ပြောဆိုသွားခဲ့သည့် Wanted အဖွဲ့မှ အဆိုတော်ဖော်ကာ သက်ဆိုင်သူများ အား တောင်းပန်ပါကြောင်း ယနေ့ပြောကြား

ရန်ကုန်၊ဒီဇင်ဘာ-၁၁

ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတစ်ခုတွင် Wanted အဖွဲ့မှ အဆိုတော်ဖော်ကာ (Fokker)မှ စင်မြင့်

ထက်တွင် စီဒီနှင့်သီဆိုသူများအား ပုတ်ခတ်ပြောဆိုသွားသည့်အပေါ် ရက်ပ်ပါဂီတသမားများအကြား မကျေနပ် မှုများ အရှိန်ပြင်းထန်နေပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းအပေါ်သက်ဆိုင်သူများအား တောင်းပန်ပါကြောင်း Fokker
က ဒီဇင်ဘာ ၁၁ ရက်တွင် 7Day News သို့ ပြောသည်။
အဆိုတော်ဖော်ကာသည် ဒီဇင်ဘာ ၇ရက်က ပြုလုပ်သည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို ရန်ပုံငွေဖျော်
ဖြေပွဲတွင် ပွဲအစီစဉ်အတိုင်း စီဒီနှင့် သီဆိုသွားသော ရက်ပ်ပါဂီတသမားအချို့ အလှည့်အပြီး ၄င်းဖျော်ဖြေရမည့် အလှည့် တွင် စင်မြင့်ထက်၌ “အဲဒီလိုမှန်းသိရင် အစတည်းက ငါ့-- စီဒီကြီးနဲ့ ဆိုပါတယ်ကွာ။ ဟားဟား။ စီဒီနဲ့ဆို
သွားတာ တစ်ခါ တည်း ခွေထဲက အတိုင်းပဲနော်။ နောက်ကျရင် စီဒီနဲ့ဆိုရင် ကောင်း မလားမသိဘူးဟု ပြောကြား
သွားခဲ့ခြင်း ဖြစ်သည်။

ဖော်ကာပြောကြားသွားသည့် စကားရပ်အပေါ် မခံမရပ်နိုင်သည့် ရက်ပ်ပါဂီတသမားအများစုသည် ဒီဇင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံ ဂီတအစည်း အရုံးသို့ စုစည်းတိုင်ကြားခဲ့ပြီး အဆိုပါတိုင်ကြားစာ ကို မြန်မာနိုင်ငံဂီတအစည်း အရုံး ပဋိပက္ခနှင့် ညှိနှိုင်းရေးကော်မတီမှ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီ တွင် နှစ်ဖက်ဆုံညီ ဖြေရှင်းပေးမည်
ဖြစ်ကြောင်း သိရသည်။

ဂီတအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြူဖြူကျော်သိန်းက “ဒီကိစ္စနဲ့ပတ် သက်ပြီး အားလုံးသွေးပူနေတုန်း
မှာ ကျွန်မ ဘာမှတ်ချက်မှ မပေးချင်ပါဘူး။ ဒီညနေ အစည်းအရုံးကလည်း ကာယကံရှင်ကို ခေါ်ထားပါတယ်။ ဂီတ
အစည်း အရုံး က အမှုဆောင်တွေနဲ့ ကာယကံရှင်ပါပါမယ်။ တစ်ဖက်က တိုင်ကြား သူတွေနဲ့ အတူတူညှိနှိုင်းမလား သီးခြားစီဖြစ်မလားတော့ တွေ့ကြည့်မှ သိရပါမယ်။ မလိုအပ်ဘဲ တစ်ဖက်နဲ့တစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ သီးခြားတွေ့ဖို့လည်း ထည့်စဉ်းစားထားတာပါ”ဟု ပြောကြားသည်။

ရော့ခ်ကာဂီတသမားများနှင့် ရက်ပ်ပါဂီတသမားများ၏အချင်းချင်းပဋိပက္ခများမှ ယခင်ကတည်းကရှိခဲ့သော်လည်း
 ယခုတစ်ခါကဲ့သို့ ပေါ်ပေါ်ထင်ထင် ထွက်ပေါ် လာသည့် ဖြစ်ရပ်မျိုးမှာ မရှိခဲ့ဖူးဘဲ လူမှုကွန်ရက်နှင့် ဂီတသမားအချို့ စုစည်း လုပ်ဆောင်နေသော မြန်မာနိုင်ငံဂီတအစည်းအရုံး ပြန်လည်ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ယက်တို့မှ
တစ်ဆင့် သတင်းအချက်အလက်နှင့် အသံဖိုင်များ ဖြန့်ဝေမှုကြောင့် ပိုမိုလူသိများခဲ့ခြင်းဖြစ်သည်။ 
 
ယင်းကိစ္စနှင့်ပတ်သက်ပြီး အဆိုတော်ဖော်ကာက ၄င်း၏ဖေ့စ်ဘွတ်စာမျက်နှာ တွင် ပြန်လည်ဖြေရှင်းထားခဲ့သော်
လည်း အများစုမှာ ကျေနပ်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

“ကျွန်တော် စင်ပေါ်မှာ ရက်ပ်ပါလို့လည်း ခေါင်းစဉ်မတပ်ပါဘူး။ ပါးစပ်က လွှတ်ခနဲထွက်သွားမိတာပါ။ ကျွန်တော့်
စိတ်တွေ အရမ်းလည်းရှုပ်နေတဲ့အချိန်၊ နယ်ပွဲတွေ ဆက်တိုက်များနေတဲ့အတွက် လူကလည်း ယိုင်ထိုးယိုင် ထိုး
ဖြစ်နေချိန်မှာ ပြောထွက်သွားတဲ့စကားပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ပါးစပ်က ထွက်သွားတဲ့အတွက် ကျွန်တော်မှား
ပါတယ်။ ကျွန်တော်ဘယ်ဂီတကိုမှ မရွဲ့ပါဘူး။ သီချင်းကို ရိုးရိုးသားသား လိပ်ပြာသန့်သန့်ပဲ ဖန်တီးထားတာပါ။ စင်
ပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြောမိတဲ့အတွက် ပရိသတ်ကိုလည်းတောင်းပန်သလို တစ်နိုင်ငံလုံးက လိုက်ဖ်ကြည့်ခဲ့တဲ့ ပရိသတ်ကို လည်း တောင်းပန်ပါ တယ်”ဟု ဖော်ကာကပြောသည်။

ဟစ်ဟော့ပ်အဆိုတော်များဖြစ်သည့် ရန်ရန်ချန်း၊ သားစိုး၊ ဂျေမီ၊ Snare စသူတို့ကလည်း ၄င်းတို့၏ ဖေ့စ်ဘွတ်အ
ကောင့်တွင် ယင်းကိစ္စနှင့်ပတ် သက်၍ ရေးသားထားကြသည်ကို တွေ့ရသည်။ ဖော်ကာ၏ ပြောစကားများနှင့်ပတ်
သက်ပြီး ရန်ရန်ချန်းက “ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအ ရ ဒါတွေက ဖြစ်ပြီးသွားရင် ဘယ်သူ့
ဘယ်သူမှာမှ အကျိုးမရှိဘူး။ ဒါကြောင့် မဖြစ်စေချင်ဘူး။ 
 
ဒီကိစ္စနဲ့ပတ်သက်ပြီး ရော့ခ်ဘက်ကရောဟစ်ဟော့ပ်ဘက် ကပါ ရှေ့ကိုဆက်ပြီးမသယ်သွားစေချင်တော့ဘူး။ အား
လုံးက ဂီတတစ်ခုတည်း ကိုပဲ လုပ်နေကြတဲ့သူတွေပဲလေ။ စင်ပေါ်မှာ တစ်ခါတလေ စိတ်လွတ် ပြီး ပြောထွက်သွား တာတွေ ဖြစ်တတ်ပါတယ်။ ဒီလူတွေပဲ နောင်တစ်ချိန် မှာ ပြန်တည့်ချင်တည့်သွားကြတာပါ။ ဒါကြောင့် အားလုံး
အတွက် အမည်းစက်လည်း မကျန်ရစ်စေချင်ဘူး။ အားလုံးနောက်ဆုတ် လိုက်ကြပါ လို့ ပြောချင်ပါတယ်”ဟု ပြော
ကြားသည်။
 
 တိုင်ကြားစာထဲတွင် ရေးသားထားသကဲ့သို့ ဂီတလောကသားအချင်းချင်း စိတ်ဝမ်းကွဲ၍ စော်ကားရာရောက်သည်
ဟူသည့် စွပ်စွဲချက်အပေါ် ဖော်ကာက “ကျွန်တော် သူတို့ဂီတကိုလည်း ဂီတတစ်ခုလို့ လက်ခံထားပါတယ်။ ကျွန်
တော်ပြောလိုက်တဲ့ စကားတစ်ခွန်းက အဲဒီလောက်ကြီး မိုက်မိုက်ရိုင်း ရိုင်း ဖြစ်သွားလိမ့်မယ်လို့ မထင်မိဘူး။ ကျွန်
တော်ကိုက ကံဆိုးတာပါ။ အရင်ကလည်း ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေ ရှိခဲ့တာပဲ။ 
 
ကျွန်တော် ကျမှ ခေါင်းစဉ်တပ်ခံရသလို ဖြစ်သွားတယ်။ ကျွန်တော့်စိတ်ထဲမှာ ဂီတလို့ အမည်ခံပြီး ပရိသတ်ကို အ
ဆိပ်ခတ်နေတဲ့၊ လမ်းမှားနေတဲ့သူတွေကို ရည်ရွယ်တာပါ။ ဂီတကို ဂီတလို့ သတ်မှတ်ပြီး လေးလေးစားစား မြတ်
မြတ်နိုးနိုး လုပ်နေတဲ့သူတွေကို ကျွန်တော်လေးစားပြီးသားပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးဗျာ။ ကျွန်တော်မှား
တဲ့အလျှောက် ပရိသတ်ကို လည်း တောင်းပန် သလို စီဒီနဲ့ဆိုတဲ့သူတွေကို လည်း တောင်းပန် ပါတယ်”ဟု ပြော
ကြားခဲ့သည်။

အဆိုတော်ဖော်ကာသည် ဂီတအစည်းအရုံးသို့ ယနေ့ညနေ၄ နာရီတွင်၎င်း၏တီးဝိုင်းမှ ဒရမ်သမား ဦးရှည်ကြီးနှင့်
အတူ သွားရောက်ဖြေရှင်း မည်ဖြစ်ကြောင်း သိရသည်။
 
 
7days News:

0 comments:

Post a Comment