Pages

Saturday, December 15, 2012

United Bank of India ရုံးခွဲ မြန်မာနိုင်ငံတွင်ဖွင့်လှစ်

္ဒယနိုင်ငံမှ Bank of India ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို လပြည့်ဝန်းပလာဇာ၌ ဖွင့်လှစ်၍ လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်သည်။ ယင်းဘဏ်မှာ မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်သော ပထမဆုံးအိန္ဒိယဘဏ်ဖြစ်ပြီး ရုံးခွဲဖွင့်လှစ်ခြင်းဖြင့် အိန္ဒိယနှင့်မြန်မာနိုင်ငံကြား ကုန်သွယ်ရေး ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။ ကိုယ်စားလှယ်ရုံးသည် ဘဏ္ဍာရေးနှင့် ငွေကြေးလွှဲပြောင်းခြင်း လုပ်ငန်းများ လုပ်ကိုင်မည်မဟုတ်သော်လည်း အစိုးရနှင့် ဘဏ်များ၊ ကုန်သည်များကြား၌ ဆက်သွယ်ညှိနှိုင်းမှုများလုပ်ဆောင်ကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ဆက်စပ်သော ကိစ္စရပ်များ ဖြေရှင်းရေးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ပါဝင်ကူညီမှုများ လုပ်ဆောင်ပေးမည်ဖြစ်သည်။

0 comments:

Post a Comment

 
world time