မော်စီအပေါ် ဆန့်ကျင်သော ကန့်ကွက် ဆန္ဒ ပြမှုများ ပြုလုပ်ခဲ့ကြ ပါသည်။
မော်စီ ဆန့်ကျင်ရေး ကြီးမားသော လူအုပ်ကြီးသည် ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် သမ္မတ နန်းတော်
အား ဝန်းရံ ထားခဲ့ပြီးနောက် ကန့်ကွက် ဆန္ဒပြသူ ရာပေါင်း များစွာသည် ဒီဇင်ဘာလ ၅ ရက်နေ့ အစောပိုင်း
တွင် သမ္မတ နန်းတော် အရှေ့ ၌ ယာယီ စခန်းများ ချ၍ ဆန္ဒပြခဲ့ ကြကြောင်း AFP သတင်းထောက်တစ်ဦး
က ပြောကြားခဲ့ ပါသည်။
လူထောင်ပေါင်း များစွာ ပါဝင်သော ဒီဇင်ဘာလ ၄ ရက်နေ့ ကန့်ကွက် ဆန္ဒပြမှု အတွင်း၌ သမ္မတ နန်းတော် အပြင်ဘက်ရှိ သံဆူးကြိုးအား ဖြတ်တောက်၍ သမ္မတရုံး အတွင်းပိုင်းသို့ ချဉ်းကပ်ရန် ကြိုးပမ်း ခဲ့သော
ကြောင့် ရဲတပ်ဖွဲ့က
မျက်ရည်ယို ဓာတ်ငွေ့ဗုံး များဖြင့် ပစ်ခတ်နှိမ်နင်း ခဲ့ကြောင်း AFP
သတင်းထောက် များက ပြောကြား ခဲ့ပါသည်။
မြ၀တီ
မြ၀တီ
0 comments:
Post a Comment