နိုင်ငံတော်က သိန်းလေးသောင်းထောက်ပံ့ မည် ဖြစ်ကြောင်း ယင်းပမာဏသည် ယမန်နှစ် များ ထက်၅ ဆ ကျော်
တိုးတက် ထောက်ပံခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ
ဒုတိယဥက္ကဌများဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော်
ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၃ ရက်
နှင့်
၎ ရက်နေ့တို့က ရှမ်းပြည်နယ် အထူးဒေသ(၄) နှင့် အထူးဒေသ(၂) တို့ကို
သွားရောက် ကြည့်ရှုလေ့လာ သည့်
ခရီးစဉ်တွင် "၀" အထူးဒေသ(၂) မှ
ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကအထက်ပါ
အတိုင်းပြောကြား ခဲ့သည်။
"ကျွန်တော်တို့ "၀" အထူးဒေသ(၂) မှာ တိုင်းရင်းသားလူမျိုး ၁၈ မျိုး လူဦးရေ ၄၆၀၀၀၀ ကျော် ၊ တပ်ဖွဲ့အင်အား ၂၀၀၀၀ ရှိပါတယ်" ဟု "၀" အထူးဒေသ(၂) မှဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။
ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ် ၊ မက်မန်းမြို့နယ် ၊ နှင့် ပန်ဆန်း(ပန်

ခမ်း) မြို့နယ်
(၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀"
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေ
ခံဥပ ဒေတွင် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။
Yangon Media Group:
0 comments:
Post a Comment