ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူ ကိုမိုးသွေးနဲ့ ကိုအောင်စိုး |
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်
တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင်
ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါ
ဒီကနေ့
ဖမ်းဆီးခံခဲ့ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့
ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်
က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး
ဗဟန်းမြို့နယ်ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးကနေ
တာမွေအဝိုင်းထိပ်ကို ချီတက်ဆန္ဒပြနေချိန် ရွှေဂုံတိုင်ဟိုတယ်အနီးမှာ
ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူတွေကိုအကြမ်းဖက်နှိမ်နှင်းနေပုံ
ရဲတပ်ဖွဲ့ဝင်တွေ
အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့
ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စာရေးဆရာ
ဝေမှူးသွင်က RFA
ကို အခုလိုပြောပါတယ်။ "ကျွန်တော်တို့က ကြေးသွန်းဘုရားရှေ့ကနေ
တာမွေအဝိုင်းကိုသွား
တဲ့အခါမှာ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က
ကိုအောင်စိုးနဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးရယ်ကို SSC
ဆေးရုံနားမှာ ဖမ်းဆီးသွားတာ ကျွန်တော်တို့က မည်သည့်အကြမ်းဖက်မှုကိုမှ
မပြုလုပ်ပါဘူး၊ နိုင်ငံသားတွေ
ရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ
ဆန္ဒထုတ်ဖော်ခွင့်ကို အသုံးချတာဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူတွေကိုအကြမ်းဖက်နှိမ်နှင်းနေပုံ
ဒီကနေ့ ဆန္ဒပြသူတွေဟာ
သပိတ်စခန်းတွေက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူတွေကို
နိုင်တော်အစိုးရက ဝန်ချ
တောင်းပန်ရေး၊ လက်ပန်းတောင်းတောင်
စီမံကိန်းရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ
မြန်မာနိုင်ငံ
အတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို
ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြကိုယ်တိုင်ပါဝင်ခဲ့တဲ့စာရေးဆရာ ဝေမှူးသွင်
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူတွေကိုဖမ်းဆီးနေပုံ
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူတွေကိုဖမ်းဆီးနေပုံ
ဒီကနေ့ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ
ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အား၆၀ ကျော်ပါဝင်ခဲ့ပြီး၊ဒီကနေ့ဟာ
လက်
ပန်းတောင်းတောင် ကြေးနီစီမံကိန်းကသပိတ်စခန်းတွေကိုအကြမ်းဖက်
ဖြိုခွဲပြီးနောက်တတိယမြောက်နေ့ အဖြစ်
ရန်ကုန်မှာ ဆန္ဒပြတာ ဖြစ်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment