Pages

Monday, December 17, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို အရောင်းစင်တာ ၁၈ ခုဖြင့် ဖွင့်လှစ် ရောင်းချသွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို အရောင်းစင်တာ ၁၈ ခုဖြင့် ဖွင့်လှစ် ရောင်းချသွားမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အရောင်းစင်တာ ၁၈ ခု ဖွင့်လှစ်၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန) မှ မိုဘိုင်း အင်ဂျင်နီယာချုပ်၏ ပြောကြားမှုအရ သိရှိရသည်။ အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့် ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ ရောင်းချပေးမည့် နေရာများမှာ - လမ်း ၄ဝ အော်တိုအင်ဂျင်နီယာချုပ်ရုံး၊  အမှတ် ၁၂၅ ပန်းဆိုး တမ်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊  ရွှေဂုံတိုင်ဗဟန်း မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊  အလုံမိုဘိုင်းဌာနရုံး၊ အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာကြီးရုံး၊  အင်းစိန်စာတိုက်၊  တက္ကသိုလ်စာတိုက် (ကမာရွတ်)၊  ဗိုလ်တထောင်စာတိုက်၊  ဒဂုံမြို့သစ် မြောက်ပိုင်းစာတိုက်၊  ရန်ကင်းစာတိုက်၊  ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်တောင်၊  သန်လျင်အိတ်ချိန်း၊  သုံးခွအိတ်ချိန်း၊  တွံတေးအိတ်ချိန်း၊  ထန်းတပင်အိတ်ချိန်း၊  မှော်ဘီအိတ်ချိန်း၊  တိုက်ကြီးအိတ်ချိန်းနှင့် လှည်းကူးအိတ်ချိန်း စသည့်နေရာများမှ စင်တာများတွင် ဖွင့်လှစ် ရောင်းချပေး သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အရောင်းစင်တာ ၁၈ ခု ဖွင့်လှစ်၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန) မှ မိုဘိုင်း အင်ဂျင်နီယာချုပ်၏ ပြောကြားမှုအရ သိရှိရသည်။
အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့် ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
 ရောင်းချပေးမည့် နေရာများမှာ - 
လမ်း ၄ဝ အော်တိုအင်ဂျင်နီယာချုပ်ရုံး၊ အမှတ် ၁၂၅ ပန်းဆိုး တမ်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊ 
 ရွှေဂုံတိုင်ဗဟန်း မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊ အလုံမိုဘိုင်းဌာနရုံး၊ 
အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာကြီးရုံး၊ 
အင်းစိန်စာတိုက်၊ 
တက္ကသိုလ်စာတိုက် (ကမာရွတ်)၊ 
ဗိုလ်တထောင်စာတိုက်၊ 
ဒဂုံမြို့သစ် မြောက်ပိုင်းစာတိုက်၊ ရန်ကင်းစာတိုက်၊ 
 ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်တောင်၊ 
သန်လျင်အိတ်ချိန်း၊ 
သုံးခွအိတ်ချိန်း၊ 
တွံတေးအိတ်ချိန်း၊ 
ထန်းတပင်အိတ်ချိန်း၊ 
 မှော်ဘီအိတ်ချိန်း၊ 
တိုက်ကြီးအိတ်ချိန်း
လှည်းကူးအိတ်ချိန်း စသည့်နေရာများမှ စင်တာများတွင် ဖွင့်လှစ် ရောင်းချပေး သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Weekly Eleven

0 comments:

Post a Comment

 
world time