ကမ္ဘာကျော်
ဝိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည့်
ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ
မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှားလေယာဉ်ဖြင့်
ရောက်ရှိလာကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို
ဂိုအင်
ကာမျိုးဆက် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ ယခုကာလအထိကို
ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု
အမည်ပေးထားကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်အတွင်း
ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်တွင်
ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌"ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In
Dhamma Land"ဓမ္မဟော
ပြောမှုကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ
ဟောပြောပွဲကို ဟောပြောပွဲနေ့၏ ည ၇ နာရီအချိန်တွင် Channel 7 ရုပ်သံလိုင်းမှ
ထုတ်လွှင့် ပြသ
ပေးမည်ကြောင်းနှင့် MRTV-4 ရုပ်သံလိုင်းတွင်လည်း ဒီဇင်ဘာလ ၂၃
ရက်နေ့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်နှင့်
မွန်းလွဲ ၁ နာရီအချိန်တို့တွင် ထပ်မံ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရ
သည်။
0 comments:
Post a Comment