Pages

Saturday, December 1, 2012

စစ်ခုံရုံးမှ အမိန့်ချခဲ့သည့် လူသတ်မှုအတွက် ဖခင်မှ တရားဝင်ဆန္ဒဖော်ထုတ်မည်

  စစ်ခုံရုံးမှလူသတ်မူဖြင့် ထောင်ဒဏ် (၁၀)နှစ် အမိန့်ချခဲ့သော သားဖြစ်သူအတွက် အမှုအား ပြန်လည်စစ်ဆေးပေး ရန်နှင့်  ပြစ်ဒဏ်အား ပြင်ဆင်ပေးရန် ဖခင်ဖြစ်သူမှ  ပုသိမ်၌ ဒီဇင်ဘာလအတွင်း မိနစ်(၂၀) ခန့် ဆန္ဒဖော်ထုတ်ခွင့်ရရှိခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် နိုဝင်ဘာ (၂၃)ရက်နေ့တွင် ခွင့်ပြုမိန့်တင်ခဲ့ပြီး ခွင့်ပြုရာ ဒီဇင်ဘာ (၁၇)ရက်နေ့တွင် မိနစ် (၂၀)ခန့် ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
 
 
ပုသိမ်အကျဉ်းထောင်တွင် ထောင်ဝင်အမှတ် ပသ/၁၀/၀၀၅၈၂/က ဖြင့် ပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ကျောက်ဆည်မြို့၊ တပ်မတော် အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ရေးနှင့်သုတေသနဌာနချုပ်မှ ကိုယ်ပိုင်အမှတ် တ/၃၅၉၉၀၄ တပ်ကြပ်ကြီး သန့်ဇင်ဦး ဖြစ်ပြီး ဦးရွှေဝါနှင့် ဒေါ်သောင်းဆင့် တို့၏ သားဖြစ်ကြောင်း သိရှိရသည်။
 
 
"ပြစ်မှုကျူးလွန်ခြင်းမရှိပဲ အစားထိုး ထောင်ကျနေတာကို တရားခံအစစ် အမှန်ဖော်ထုတ်ပေးဖို့ စစ်ဖက်နဲ့ အရပ်ဘက်တိုင်း၊ ဗဟို ဌာနဆိုင်ရာတွေရော နိုင်ငံတော်သမ္မတကြီးအထိ အကြိမ်ကြိမ် တင်ပြခဲ့တာ (၃)နှစ် တိတိရှိခဲ့ပေမယ့် ဘယ်သူကမှ ဆောင် ရွက်ပေးနိုင်ခြင်း မရှိခဲ့လို့ တရားဝင်ဆန္ဒ ထုတ်ခွင့်တင်လိုက်တာပါ"ဟု ဖခင်ဖြစ်သူ ဦးရွှေဝါက ပြောသည်။
 
 
လူသတ်မှုမကျူးလွန်ကြောင်း ခိုင်လုံသည့် အထောက်အထားများရှာဖွေရန်နှင့် အမှုသည် ဆွေးမသွားကြောင်း (န.တ.ခ)စစ်ဥပဒေ အရာရှိအား ၄င်းမှ ပြောကြားခဲ့ကြောင်း၊ အမှုစစ်တာဝန်ရှိသူများအနေဖြင့် မှန်ကန်မူ မရှိကြောင်း၊ သက်သေအထောက်အထား များသည် လုပ်ကြံဖန်တီးမူများသာ ဖြစ်ကြောင်း ဖခင်မှ သားဖြစ်သူ၏အမှု အပေါ် ၄င်း၏အမြင်ကို ထောက်ပြပြောဆိုခဲ့သည်။
 
 
ထိုဆန္ဒထုတ်ဖော်မှုတွင် (၃ပေ×၂ပေ) ရှိ ကတ်ထူ ပိုစတာ(၂)ခု(သားဖြစ်သူနစ်နာခဲ့ရသော တရား ဥပဒေအကာအကွယ်ရရှိရန်နှင့် သားဖြစ်သူအပြစ်မရှိကြောင်း ပြင်ဆင်ပေးရန်) ကိုင်ဆောင်ကာ ပုသိမ်မြို့၊ (CID)ရုံး ရှေ့၊ ရွှေမုဌောဘုရား မြောက်ဘက်မုခ်တွင် ၀တ်ပြုဆုတောင်းခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
ဧရာဝတီဇော်မိုး(မြစ်မခ)

0 comments:

Post a Comment

 
world time