Pages

Thursday, December 27, 2012

မြန်မာ့တပ်မတော်၏ ရာဇသံအကျိုးရလဒ်

မြန်မာ့တပ်မတော်၏ ရာဇသံအကျိုးရလဒ်

December 27, 2012 by Myitkyina blog news

မြန်မာ့တပ်မတော်သည် KIA အမြစ်ပြတ်ချေမှုန်းရေးအတွက် အားသွန်ခွန်စိုက်စီမံချက် ချမှတ်ဆောင်ရွက်လျက် ရှိသည်။ မြန်မာ့တပ်မတော်က KIA ကို ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ကာ နောက်ဆုတ်သွားရန် ရာဇသံပေးထားခဲ့သည်။ ထိုရက်မတိုင်မီကပင် မြန်မာအစိုးရတပ်ဖွဲ့က KIA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ(၁၉)ရက်ခန့်မှစတင်ကာ စစ်ဆင်ရေးပြင်ဆင်မှု၊ စစ်ကြောင်းပို့လွှတ်မှု တို့ကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ KIA ၏ ရှေ့တန်းစခန်းငယ်ကိုပင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု သာမက၊ စစ်ရဟတ်ယာဉ်(၂)စင်းဖြင့် (၂)ရက်ဆက်တိုက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာ့တပ်မတော်သည် လူ၊ လက်နက်၊ ကျည်တို့ကို လိုသလောက်ဖြုန်းပြစ်ရန် စီမံချက်ချထားပြီ ဖြစ်ကြောင်း သုံးသပ်ရသည်။

မြန်မာ့လေတပ်သည်လည်း ဒီဇင်ဘာလတွင် တပ်ဖွဲ့၊ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးခြင်းကိုသာ မကတော့ ဘဲ တိုက်ပွဲအတွင်းသို့ စစ်ရဟတ်ယာဉ်များ ပါဝင်ကူညီတိုက်ခိုက်ခဲ့သည်မှာ အကြိမ်အရေအတွက်များလာပြီ ဖြစ်သည်။

မြန်မာ့တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်ဖြစ်သော ယူဂူဆလပ်နိုင်ငံထုတ်(Soko G-4 Super Galeb) အမျိုးအစား ဂျက်တိုက်လေယာဉ်(၄)စီး ကိုလည်း မြစ်ကြီးနား လေတပ်စခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ယခုစစ်ဆင်ရေးအတွက် စစ်ရဟတ်ယာဉ် သာမက၊ တိုက်လေယာဉ်ကိုပါ အသုံးပြုရန် စီစဉ်လျက်ရှိနေပြီ ဖြစ်သည်။

ဒီဇင်ဘာလ(၂၇)ရက် မနက်(၁၀)နာရီခန့်တွင် ကင်းထောက် ဂျက်လေယာဉ်(၁)စီးသည် ဒေါ့ဖုန်းယန် – နားလုံ- ခယါ – အောင်ဂျာယန် – နမ်ဆမ်ယန် – ဂန်ဒေါ်ယန် ကို ဖြတ်သန်း၍ သတင်းထောက်လှမ်းနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခြင်းသည် ကချင်အမျိုးသားလူထုတရပ်လုံးအတွက် နိုင်ငံရေးအချိုးအကွေ့တစ်ခုခုဖြစ်စေရေး၊ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုခုကို အလျင်အမြန်ချမှတ်စေရေးကို တွန်းအားပေးနေခြင်းပင်ဖြစ်တော့မည် ဖြစ်သည်။

နောင်ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများက ပြစ်တင်ဝေဖန်ပြောဆိုမှုများသည် အခါနှောင်းလာစေမည်ဖြစ်သည်။ အပြစ်ဆို၊ အပြစ်ဘို့စရာများ ပေါ်ပေါက်လာနိုင်သော်လည်း မြန်မာ့ တပ်မတော်၏ တွန်းအားပေးဖန်တီးမှု၏ အကျိုးရလဒ်ဟု သတ်မှတ်ရတော့မည် ဖြစ်သည်။

မနောသန်းနိုင်

မြစ်ကြီးနား

၂၇ – ၁၂ – ၂၀၁၂
 
မြန်မာ့တပ်မတော်သည် KIA အမြစ်ပြတ်ချေမှုန်းရေးအတွက်အားသွန်ခွန်စိုက်စီမံချက်ချမှတ်ဆောင်ရွက်
လျက် ရှိသည်။ မြန်မာ့တပ်မတော်က KIA ကို ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ကာ
နာက်ဆုတ်သွားရန် ရာဇသံပေးထားခဲ့သည်။ ထိုရက်မတိုင်မီကပင် မြန်မာအစိုးရတပ်ဖွဲ့က KIA ကို ထိုးစစ်
ဆင်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ(၁၉)ရက်ခန့်မှစတင်ကာ စစ်ဆင်ရေးပြင်ဆင်မှု၊ စစ်ကြောင်းပို့လွှတ်မှုတို့ကိုအရှိန်မြှင့်ဆောင်ရွက်
လာခဲ့သည်။KIA၏ ရှေ့တန်းစခန်းငယ်ကိုပင်လက်နက်ကြီးဖြင့်ပစ်ခတ်မှု သာမက၊ စစ်ရဟတ်ယာဉ်(၂)စင်း
ဖင့် (၂)ရက်ဆက်တိုက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာ့တပ်မ
တ်ာသည် လူ၊ လက်နက်၊ ကျည်တို့ကို လိုသလောက်ဖြုန်းပြစ်ရန် စီမံချက်ချထားပြီ ဖြစ်ကြောင်း သုံးသပ်ရ
သည်။

မြန်မာ့လေတပ်သည်လည်းဒီဇင်ဘာလတွင်တပ်ဖွဲ့၊က်နက်ခဲယမ်းများ ပို့ဆောင်ပေးခြင်းကိုသာ မကတော့ 
ဘဲ တိုက်ပွဲအတွင်းသို့ စစ်ရဟတ်ယာဉ်များပါဝင်ကူညီတိုက်ခိုက်ခဲ့သည်မှာအကြိမ်အရေအတွက်များလာပြီ
 ဖြစ်သည်။

မြန်မာ့တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်ဖြစ်သော ယူဂူဆလပ်နိုင်ငံထုတ်(Soko G-4 Super Galeb) အ
မျိုးအစား ဂျက်တိုက်လေယာဉ်(၄)စီး ကိုလည်း မြစ်ကြီးနား လေတပ်စခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ယခုစစ်
ဆင်ရေးအတွက် စစ်ရဟတ်ယာဉ် သာမက၊ တိုက်လေယာဉ်ကိုပါ အသုံးပြုရန် စီစဉ်လျက်ရှိနေပြီ ဖြစ်သည်။

ဒီဇင်ဘာလ(၂၇)ရက် မနက်(၁၀)နာရီခန့်တွင် ကင်းထောက် ဂျက်လေယာဉ်(၁)စီးသည် ဒေါ့ဖုန်းယန် – နား
လုံ- ခယါ – အောင်ဂျာယန် – နမ်ဆမ်ယန် – ဂန်ဒေါ်ယန် ကို ဖြတ်သန်း၍ သတင်းထောက်လှမ်းနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခြင်းသည်ကချင်အမျိုးသားလူထုတရပ်လုံးအတွက
နိုင်ငံရေးအချိုးအကွေ့တစ်ခုခုဖြစ်စေရေး၊ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုခုကို အလျင်အမြန်ချမှတ်စေရေးကို တွန်းအားပေးနေခြင်းပင်ဖြစ်တော့မည် ဖြစ်သည်။

နောင်ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများက ပြစ်တင်ဝေဖန်ပြောဆိုမှုများ
သည် အခါနှောင်းလာစေမည်ဖြစ်သည်။ အပြစ်ဆို၊ အပြစ်ဘို့စရာများ ပေါ်ပေါက်လာနိုင်သော်လည်း မြန်မာ့ တပ်မတော်၏ တွန်းအားပေးဖန်တီးမှု၏ အကျိုးရလဒ်ဟု သတ်မှတ်ရတော့မည် ဖြစ်သည်။

မနောသန်းနိုင်

မြစ်ကြီးနား

Jade Land News:

0 comments:

Post a Comment

 
world time