ယနေ့မနက်ဒီဇင်ဘာ၂၅ ရက်နေ့ကရန်ကုန်-မန္တလေး-ဟဲဟိုးမြို့တွေကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံ လေကြောင်း
လိုင်း လေယာဉ်အမှတ်(W9-011)လေယာဉ်ဟာဟဲဟိုး လေယာဉ်ကွင်းအနီးမှာပျက်ကျသွားခဲ့ပါတယ်။ဟဲဟိုး
လေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ
မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင်
တိုက်မိပြီး၊ ဓာတ်တိုင်ကို
ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ
ပျက်ကျခဲ့ကြောင်း သိရသည်။
"ဓာတ်တိုင်ကို တိုက်မိတာကြောင့် ဓာတ်တိုင်က ဓာတ်ကြိုးက ဟဲဟိုးကားလမ်းပေါ်ကို သွားနေတဲ့ ဆိုင်ကယ်ပေါ်ကို
ပြုတ်ကျတယ်။ဆိုင် ကယ်ပေါ်ပါတဲ့
လူနှစ်ဦးထဲက ယောင်္ကျားတစ်ဦးက ပွဲချင်းပြီး သေတယ်။နောက်တစ်ယောက်
ကိုတော့
ဟဲဟိုးဆေးရုံကို ပို့ထားတယ်"ဟု ယင်းနေရာတွင် ရောက်ရှိသတင်းယူနေသည့် RFA
သတင်းထောက်
က သတင်းပေးပို့ပါတယ်။
Air Baganရဲ့ ထုတ်ပြန်ချက်အရ ယင်းလေယာဉ်တွင် ခရီးသည် ၆၅ယောက်ပါဝင်ပြီး၊လေယာဉ်ပေါ်တွင် လိုက်ပါခဲ့
တဲ့ ခရီးသည် ၇ ယောက်နဲ့လေယာဉ်မှုး နှစ်ဦးတို့ကို တောင်ကြီး၊စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု
ပေးနေတယ်လို့ သိရပါတယ်။
ပျက်ကျတဲ့ လေယာဉ်ပေါ်ကို မန္တလေးမြို့ကနေ လိုက်ပါသွားတဲ့ စပိန်နဲ့အင်္ဂလိပ်
ဧည့်လမ်းညွှန် မနွယ်လင်းရှိန် က
တော့ အခုထိပျောက်ဆုံးနေတယ်လို့ သူ့ရဲ့
သူငယ်ချင်းဖြစ်သူ ဧည့်လမ်းညွှန် ဒေါ်ချိုတာကတော့ RFA ကို အခုလို
ပြောပါတယ်။
"အခုထိ ကျွန်မသူငယ်ချင်း ဘာဖြစ်တယ်ဆိုတာ မသိသေးဘူး။ပျောက်နေတာပဲသိတယ်။Ai r Bagan ကို ဖုန်းဆက်
မေးတော့လဲ ဘာမှအကြောင်းမပြန်ဘူး။သူ့ရဲ့ဖုန်းကိုဆက်တော့လည်း မနက်ထဲကခေါ်လို့ မရဘူး"လို့ ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသာသေဆုံးတယ်
လို့ ထုတ်ပြန်ကြေညာထားပါတယ်။အဆိုပါ လေယာဉ်ပျက်ကျတဲ့ နေရာကို ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်
စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး
၊ကျ န်ရှိနေသေးတဲ့ ဧည့်သည်တွေကိုဟဲဟိုးလေဆိပ်ကအထူးဧည့်သည်ဆောင်မှာလုံခြုံရေးအစောင့်အရှောက်
နဲ့ စောင့်ကြပ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကအဲယားပုဂံရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပူတာအိုလေဆိပ်မှာ ခါးထက်ပိုင်းကျိုး
ခဲ့ဖူးပါတယ်။
ယနေ့မနက်ဒီဇင်ဘာ၂၅ ရက်နေ့ကရန်ကုန်-မန္တလေး-ဟဲဟိုးမြို့တွေကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံ လေကြောင်း
လိုင်း လေယာဉ်အမှတ်(W9-011)လေယာဉ်ဟာဟဲဟိုး လေယာဉ်ကွင်းအနီးမှာပျက်ကျသွားခဲ့ပါတယ်။ဟဲဟိုး
လေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ
မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင်
တိုက်မိပြီး၊ ဓာတ်တိုင်ကို
ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ
ပျက်ကျခဲ့ကြောင်း သိရသည်။
"ဓာတ်တိုင်ကို တိုက်မိတာကြောင့် ဓာတ်တိုင်က ဓာတ်ကြိုးက ဟဲဟိုးကားလမ်းပေါ်ကို သွားနေတဲ့ ဆိုင်ကယ်ပေါ်ကို
ပြုတ်ကျတယ်။ဆိုင် ကယ်ပေါ်ပါတဲ့
လူနှစ်ဦးထဲက ယောင်္ကျားတစ်ဦးက ပွဲချင်းပြီး သေတယ်။နောက်တစ်ယောက်
ကိုတော့
ဟဲဟိုးဆေးရုံကို ပို့ထားတယ်"ဟု ယင်းနေရာတွင် ရောက်ရှိသတင်းယူနေသည့် RFA
သတင်းထောက်
က သတင်းပေးပို့ပါတယ်။
Air Baganရဲ့ ထုတ်ပြန်ချက်အရ ယင်းလေယာဉ်တွင် ခရီးသည် ၆၅ယောက်ပါဝင်ပြီး၊လေယာဉ်ပေါ်တွင်
တဲ့ ခရီးသည် ၇ ယောက်နဲ့လေယာဉ်မှုး နှစ်ဦးတို့ကို တောင်ကြီး၊စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု
ပေးနေတယ်လို့ သိရပါတယ်။
ပျက်ကျတဲ့ လေယာဉ်ပေါ်ကို မန္တလေးမြို့ကနေ လိုက်ပါသွားတဲ့ စပိန်နဲ့အင်္ဂလိပ် ဧည့်လမ်းညွှန် မနွယ်လင်းရှိန် က
တော့ အခုထိပျောက်ဆုံးနေတယ်လို့ သူ့ရဲ့
သူငယ်ချင်းဖြစ်သူ ဧည့်လမ်းညွှန် ဒေါ်ချိုတာကတော့ RFA ကို အခုလို
ပြောပါတယ်။
"အခုထိ ကျွန်မသူငယ်ချင်း ဘာဖြစ်တယ်ဆိုတာ မသိသေးဘူး။ပျောက်နေတာပဲသိတယ်။Ai
မေးတော့လဲ ဘာမှအကြောင်းမပြန်ဘူး။သူ့ရဲ့ဖုန်းကိုဆက်တော့လည်း မနက်ထဲကခေါ်လို့ မရဘူး"လို့ ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသာသေဆုံးတယ်
လို့ ထုတ်ပြန်ကြေညာထားပါတယ်။အဆိုပါ လေယာဉ်ပျက်ကျတဲ့ နေရာကို ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်
စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး
၊ကျ န်ရှိနေသေးတဲ့ ဧည့်သည်တွေကိုဟဲဟိုးလေဆိပ်ကအထူးဧည့်သည်ဆောင်မှာလုံခြုံရေးအစောင့်အရှောက်
နဲ့ စောင့်ကြပ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကအဲယားပုဂံရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပူတာအိုလေဆိပ်မှာ ခါးထက်ပိုင်းကျိုး
ခဲ့ဖူးပါတယ်။
RFA (Burmese)
0 comments:
Post a Comment