Pages

Tuesday, November 20, 2012

အမေရိကန်သို့ မြန်မာ့ အဝတ်အထည်နှင့် ရေထွက်ပစ္စည်းများ တင်ပို့မည်

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ရက်ခန့်အလိုတွင် အမေရိကန်နိုင်ငံ မှ ကျောက် မျက်မှလွဲ၍ ကျန်ပို့ကုန် တင်ပို့မှုအားလုံးကို ခွင့်ပြုပေးခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သို့ မြန်မာ့အဝတ်အ ထည်နှင့် ရေထွက်ကုန်ပစ္စည်းများ ဦးစွာတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။
နောက်ပိုင်းကာလများတွင်လည်း မြန်မာနိုင်ငံမှထွက်ရှိသည့် ကျွန်းသစ်များကို အမေရိကန်နိုင်ငံသို့  ထပ်မံတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတအိုဘားမား လာရောက်လည်ပတ်ခဲ့သည့်အတွက် မြန်မာ့စီးပွားရေး အလားအလာများ ပိုမိုကောင်းမွန်လာနိုင်သည့်အပြင် အီတာလျံကုမ္ပဏီများ၊ ဂျာမန်ကုမ္ပဏီများနှင့် ဗြိတိန်ကုမ္ပဏီများအစရှိသည့် နိုင်ငံတကာကုမ္ပဏီကြီး များ မြန်မာနိုင်ငံသို့ဝင်ရောက်လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
 
ယခင်မြန်မာပို့ကုန်များကို အမေရိကန်နိုင်ငံသို့တင်ပို့ရာတွင် ဒေါ်လာသန်းနှင့်ချီ၍ ရောင်းချခဲ့ရပြီးနောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံတွင် မြန်မာ့ဈေးကွက် ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။
 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂ စက်တင်ဘာလ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီးဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာတော့မည်ဖြစ်ပြီး ယင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအားယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြင်ဆင်ထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
transparencymyanmar

0 comments:

Post a Comment

 
world time