Pages

Sunday, November 4, 2012

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ သရက်မြို့နယ် ပိတောက်ပင် ရေနံမှော် ၌ မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊သရက်မြို့နယ်ပိတောက်ပင် ရေနံမှော် ရွှေရာသီကုမ္ပဏီ ရေနံလက်ယက်
တွင်းတိမ် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ လုပ်ကွက်အတွင်း နိုဝင်ဘာ ၂ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့်က (၁၂)ကြိမ်မြောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေရာသီကုမ္ပဏီ လုပ်ကွက်အတွင်းရှိ တွင်းအမှတ် MS-20 ရေနံတွင်း၌ ရေနံခပ်လုပ်သား အောင်
ကျာ်မိုး(၃၂) နှစ် ဝါးခယ်မမြို့ ဧရာဝတီတိုင်းဒေသကြီး နေသူသည် ရေနံခပ်ယူနေစဉ် ရေနံခပ်ခွက်နှင့် တွင်း
ကာပိုက်တို့ ပွတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ရေနံတွင်းအမှတ် MS 11/12/13/19 တွင်းများသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ရေနံတွင်း ငါးတွင်းမှ ရေနံခပ်
ပစ္စည်းများဖြစ်သော ကလပ်ခုံ အင်ဂျင်စက်ငါးစုံ၊ ဆီစုပ်ပန့် တစ်စုံ၊ ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီး၊ ရေနံ
ခပ်လုပ်သား နားနေတဲသုံးလုံး၊ ခပ်ယူပြီး ရေနံပီပါနှင့် ယာယီမိုးကာ လှောင်ကန်အတွင်းရှိ ရေနံစိမ်းပီပါ ၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။ 

မီးလောင်မှု ဖြစ်ပွားရာသို့ သရက်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးမြင့်နိုင်ထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၇ ဦးတို့က မီးသတ်ယာဉ်နှစ်စီး၊ ဆီမီးသတ်ဆေးရည်တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု ဖြစ်ပွားစေရန် ပေါ့ဆစွာပြုလုပ်သူ အောင်ကျော်မိုး ၃၂ နှစ်အား သရက်
ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 


ခေတ်လှုငယ်

0 comments:

Post a Comment

 
world time