နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး
ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာ နစက တပ်ဖွဲ့မှ စာကို လက်ခံ
ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ေ ဆာင် သွားသော
မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူ အညီ တောင်းခံထား သည် ဟု
ဖေါ်ပြထားကြောင်း ပြောဆိုသည်။
မြန်မာ နစက တပ်ဖွဲ့မှ အဆိုပါ ဒုတိယ အကြိမ်မြှောက် စာကို နှစ်နိုင်ငံ
တပ်မှူး အဆင့် ပြု လုပ်ခဲ့သော အလံ တင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀)
အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။
မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါ စာထဲတွင် မြန်မာဘက်က
တပ်သား (၃) ဦးကို ဘင်္ဂ လာဒေခ်ျ့နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊
သို့ အတွက် အဆိုပါ တပ်သား (၃) ဦး အမြန် ဆုံး ပြန် လည် လွှတ်မြောက်လာမည်ကို
ကူညီပေးရန် မျှော်လင့်ကြောင်း၊ မဟုတ်ပါက ဘင်္ဂလာဒေခ်ျ့ နယ်မြေ ထဲထိ ၀င်ရောက်
ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော
လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ်
အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထေ ပါက်နိုင် သဖြင့် နယ်စပ်နေ
ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။
narinjara
0 comments:
Post a Comment