Pages

Thursday, November 29, 2012

လက်ပန်းတောင်း သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွဲ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့ သပိတ်စခန်းတွေကို 
အာဏာပိုင်တွေက ဒီကနေ့ (နိုဝင်ဘာ ၂၉)ရက်နေ့ မနက် ၃ နာရီမှာ အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ပါတယ်။

သပိတ်စခန်း ၆ ခုရှိတဲ့ အနက် သံဃာတော်တွေ သီတင်းသုံးတဲ့ သပိတ်စခန်းနဲ့နောက် သပိတ်စခန်းတစ်ခုကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံးတွေနဲ့မီးလောင်ဗုံးတွေနဲ့ အရင်ပစ်ခတ်ပြီး၊သပိတ်မှောက်မှုမှာ ပါဝင်တဲ့ သံဃာတော်တွေ အပါအဝင် လယ်သမားတွေနဲ့လက်ပန်းတောင်း အရေးလှုပ်ရှားသူတွေကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊သိပ္ပံ ကျောင်းသားများ ကွန်ရက်တာဝန်ခံ ကိုသောင်းထိုက်က RFA ကိုအခုလို ပြောပါတယ်။
"ဝမ်ပေါင်ရှေ့မှာရှိတဲ့ သံဃာတော် စခန်းကို အရင်ဝင်စီးတယ်။မီးရှုးမီးပန်းပုံစံလိုမျိုး မီးလောင်ဗုံးလို့ ထင်ရတာတွေ
လည်း ပစ်ထည့်တယ်။
 
မျက်ရည်ဗုံးတွေလည်း ပစ်ထည့်တယ်။ရဲတွေကအင်အားသုံးပြီး သံဃာတော်တွေကို ဝင်ရိုက်တာတွေ လုပ်တယ်။ကျွန်
တော်တို့စခန်းက ထိခိုက်ဒဏ်ရာရတာတွေ မရှိပါဘူး။သံဃာတော်တွေဘက်မှာတော့မျက်ရည်ယိုဗုံးကြောင့်အပူလောင်
ပြီး အရည်ပြာလန်တာတို့၊ရိုက်နှက်ခံရတာတို့ ရှိပါတယ်"

လက်ပန်းတောင်းတောင်ပေါ်က လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း ကိုတော့ အခုထိ အင်အားသုံး ဖျက်ဆီးတာတွေ မလုပ်သေးပေမယ့် လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အား အလုံးအရင်းနဲ့ ဝိုင်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မှာ မုံရွာမြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment

 
world time