Pages

Wednesday, November 14, 2012

ကာရက်အလိုက် ကမ္ဘာ့စံချိန်တင်ဈေးအမြင့်ဆုံး စိန်ပွင့် လေလံတင်ရောင်းချ



သစ်အယ်သီး အရွယ်အစားမျှ ရှိနေသည့် စိန်ပွင့်ကြီးတစ်ပွင့်ကို ကမ္ဘာ့စံချိန်တင်အဖြစ် ဒေါ်လာ (၂၁.၅)သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်းသည် အရောင်မဲ့ စိန်တစ်ပွင့်အတွက် ကာရက်အလိုက် တန်ဖိုးတွက်ချက်ပါက ကမ္ဘာ့စံချိန်တင် အမြင့်ဆုံး ဈေးနှုန်းလည်း ဖြစ်သည်။
အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်သော လေလံပွဲ၌ ယင်းဈေးဖြင့် စိန်ပွင့်ကြီးအား ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ Christie လေလံဌာနက အဆိုပါ စိန်ပွင့်ကြီးကို Habsburg တော်ဝင်မိသားစုက ပိုင်ဆိုင်ခဲ့ဖူးကြောင်း ဆိုသည်။ အဆိုပါ စိန်ပွင့်ကြီးသည် အလေးချိန် (၇၆.၀၂)ကာရက် ရှိနေပြီး အိန္ဒိယနိုင်ငံ၊ ဂိုလ်ကွန်ဒါ စိန်မိုင်းများမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ထိုစိန်ကြီးကို အာ့ခ်ျဂျုခ် ဂျိုးဆက် စိန်ကြီးဟု ခေါ်ဝေါ်ခဲ့သည်။ ဂျိုးဆက်သည် ပထမ ကမ္ဘာစစ်အပြီး ဟန်ဂေရီ၏ ရင်ခွင်ပိုက် ဘုရင်အဖြစ် စိုးစံခဲ့ဖူးသည်။ ထို့နောက် စိန်ကြီးကို (၁၉၃၆)ခုနှစ်တွင် ဘဏ်တစ်ခုသို့ ရောင်းချခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း ပိုင်ရှင်အချို့ထံ လက်လွှဲပြောင်းရွှေ့ခဲ့သည်။

ထိုစိန်ကြီးကို အမေရိကန် မိုလီနာဖိုင်း လက်ဝတ်ရတနာ လုပ်ငန်း၏ အကြီးအကဲ အယ်လ်ဖရီဒို မိုလီနာက ယခုလေလံပွဲအတွက် စာရင်းတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ စိန်ကြီးကို အောင်မြင်စွာ လေလံဆွဲ ဝယ်ယူသွားသူ၏ အမည်ကိုမူ Christie လေလံဌာနက လျှို့ဝှက်ပေးထားသည်။


Planet Myanmar Network:

0 comments:

Post a Comment

 
world time