Pages

Thursday, November 1, 2012

အီရန်ကို တိုက်ခိုက်ခြင်းအား အာရပ်ကမ္ဘာက ကြိုဆိုလိမ့်မည်ဟုဆို



အီရန်ကို မိမိတို့ နိုင်ငံက တိုက်ခိုက်ခြင်းအား အာရပ်ကမ္ဘာက ကြိုဆိုလိမ့်မည်ဟု အစ္စရေး ဝန်ကြီးချုပ်က ပြော
ကြားလိုက်သည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ပြင်သစ် မဂ္ဂဇင်း တစ်စောင်နှင့် အင်တာဗျူးတွင် အစ္စရေးဘက်မှ တီဟီရန်ရှိ အီရန် အစိုးရကို တိုက်ရိုက် လေကြောင်းတိုက်စစ်ဆင်မှု ပြုလုပ်ခဲ့ပါက အရှေ့အ
လယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက်ပင် အကျိုးရှိစေလိမ့်မည်ဟု သုံးသပ်ခဲ့သည်။
အစ္စရေးသည် နျူကလီးယား လက်နက်များထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟုယူဆရသော အီရန်ကို စစ်ရေး
အရ အရေးယူနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် Paris Match မဂ္ဂဇင်းက နာတန်ယာဟူနှင့် အင်
တာဗျူးကို ထည့်သွင်း ဖော်ပြခဲ့ရာ အဆိုပါ မှတ်ချက်စကား ပါရှိလာခြင်း ဖြစ်သည်။


"တကယ်လို့ တိုက်ခိုက်မှု စတင်ရင် (၅)မိနစ်အတွင်း စကားအမျိုးမျိုး ထွက်လာလိမ့်မယ်။ ဒါပေမဲ့ ဒေသတွင်း အခြေအနေ တစ်ခုလုံးကတော့ သက်တောင့်သက်သာ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်"ဟု နာတန်ယာဟူက ဆိုသည်။

"အီရန်ဟာ အာရပ်ကမ္ဘာမှာ နာမည်ကောင်းနဲ့ ကျော်ကြားနေတာ မဟုတ်ပါဘူး။

ဒသတွင်း နိုင်ငံတချို့က အစိုးရတွေနဲ့ သူတို့ရဲ့ ပြည်သူတွေဟာ နျူကလီးယား ပိုင်ဆိုင်ထားတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ခံရတာ အစ္စရေးတစ်ခုတည်း မဟုတ်ကြောင်း ကောင်းကောင်း သိပြီးသား ဖြစ်ပါတယ်"ဟု
လည်း ဝန်ကြီးချုပ်က ပြောဆိုသွားသည်။

နာတန်ယာဟူသည် ယခုသီတင်းပတ်အတွင်း ပြင်သစ်သို့ သွားရောက်ကာ ပြင်သစ် ဝန်ကြီးချုပ် ဖရန်ကွိုက်စ်
 ဟော်လန်ဒေးနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ယင်းသည် (၂၀၀၉)ခုနှစ်က ဝန်ကြီးချုပ် ရာထူးကို လက်ခံပြီးနောက်ပိုင်း နာတန်ယာဟူ၏ (၃၃)ကြိမ်မြောက်
 ပြည်ပခရီးစဉ်လည်း ဖြစ်လာကြောင်း သိရှိရသည်။

Source:Planet Myanmar Network: JPost

0 comments:

Post a Comment