Pages

Sunday, October 7, 2012

မန္တလေးတွင် လွန်ခဲ့သည် (၅)လက ပြည်သူများ ဖယောင်းတိုင်မီးထွန်းဆန္ဒထုတ်ဖော်မှုကိစ္ဒတွင် ပါဝင်ပတ်သက်သည်ဟု ယူဆသူများကို ပုဒ်မ (၁၈)ဖြင့်တရားစွဲဆို...

 
မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်မရရှိသောကြောင့် ဖယောင်းတိုင်မီးထွန်း၍ စီတန်းဆန္ဒပြခဲ့စဉ်က ပါဝင်ပတ်
သက်သည်ဟု ယူဆသောကြောင့် သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခြင်းခံရသူများကို ပုဒ်မ (၁၈)ဖြင့် တရားစွဲ
ထားကြောင်းသတင်းရရှိသည်။
 အောက်တိုဘာ (၇)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းများမှ အကြောင်းကြားလာ
ကြောင်း ထိုစဉ်က ခေါ်ယူမေးမြန်းခံရသူ True News Journal မန္တလေးတာဝန်ခံ ဆရာမင်းထက်ငြိမ်းချမ်းက
 ပြောကြားသည်။

ဆရာမင်းထက်ငြိမ်းချမ်းကို မန္တလေးမြို့ အမှတ်(၂)ရဲစခန်းမှ အကြောင်းကြားလာခြင်းဖြစ်ပြီး ဒေါ်ခင်သန်းမြင့်
နှင့် ဒေါ်အမာနီတို့အား အမှတ် (၈)ရဲစခန်းမှ အကြောင်းကြားကြောင်းလဲသိရသည်။

ထိုစဉ်က စီတန်းလှည့်လည်ဆန္ဒပြမှုတွင် ပတ်သက်သည်ဟု ယူဆခံရသူများကို သတင်းတပ်ဖွဲ့မှ ခေါ်ယူမေး
မန်းပြီးပြီဖြစ်ကြောင်း၊ ယခုလို တရားစွဲဆိုထားမှုကို မည်သို့မျှ လက်ခံနိုင်ခြင်းမရှိကြောင်းဆရာ မင်းထက်ငြိမ်း
ချမ်းမှ ပြောကြားရာ အမှတ်(၂)ရဲစခန်းမှ အကြောင်းကြားလာသူမှ အထက်က ညွှန်ကြားချက်အရ တရားစွဲဆို
ထားရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။
 
 တရားစွဲဆိုခံရသည်ကိုဖုန်းဖြင့်အကြောင်းကြားသော်လည်းတရားဝင်အကြောင်းကြားစာများ ရောက်ရှိမလာ
သေးကြောင်းလည်း CJ Myanmar မှ သိရှိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ ၂၀၁၂ခုနှစ် မေလ (၂၀) ရက်
နေ့က ဖြစ်ပွားခဲ့ပြီး (၅) လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
 
CJMyanmar

0 comments:

Post a Comment

 
world time