Pages

Sunday, October 28, 2012

ဖော်သူမရှက်ဖတ်သူရှက်

သတင်းစာ၊ဂျာနယ်ဟူသည်ပြည်တွင်းပြည်ပကမ္ဘာအရပ်ရပ်၊နိုင်ငံအသီး သီးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး
၊စီးပွားရေး၊လူမှုရေး၊စစ်ရေးစသဖြင့်မိမိစုဆောင်းရရှိထားသောသတင်းများကို စာဖတ်သူများအကျိုး၊မိမိနိုင်
ငံသားများအကျိုးအတွက် ပြန်လည်ဝေငှအသိပေး သော အလုပ်ကိုဆောင်ရွက်ရသောအလုပ်တစ်ခုဖြစ်ပါ
သည်။
ဤသို့ဆောင်ရွက် ရာတွင် သတင်းသမားများအနေနှင့် မိမိ စုဆောင်းရရှိထားသမျှသတင်းများ အနက်  ပြည်
သူများအသိဥာဏ်ဖွံ့ဖြိုးတိုးတက်စေ မည့် အကျိုးရှိသော သတင်းများကို ဖော် ပြပြီး အများပြည်သူအတွက်အ
ကျိုးမရှိ သော သတင်းများကိုမဖော်ပြမိရန်အလွန်  အရေးကြီးပါသည်။


ထို့ပြင် မိမိတိုင်းပြည်၏ ရိုးရာယဉ် ကျေးမှုနှင့်မကိုက်ညီသောလုပ်ရပ်များကို   လုပ်ဆောင်နေသော ကိစ်္စရပ်
များကိုတွေ့ ထိသိရှိပါကလည်း ထိုသို့လုပ်ဆောင်နေသော ကိစ်္စရပ်များကိုမိမိနိုင်ငံ၏ရိုးရာယဉ်ကျေးမှုထိန်း
သိမ်းရေးရှုဒေါင့်မှရပ် တည်ပြီး၊ထိုလုပ်ရပ်များကိုပြင်းထန်စွာရှုံ့ ချဆန့်ကျင်ရန် တာဝန်ရှိပါသည်။

ထိုသို့ မဟုတ်မူပဲ မိမိတိုင်းပြည့်နှင့်လူမျိုး၏ယဉ် ကျေးမှု ဓလေ့စရိုက်တွင် အစဉ်အလာ မရှိသော လုပ်ဆောင်
မှုကို ဆောင်ရွက် ရန်စိုင်းပြင်းအားထုတ်နေသော ကိစ္စရပ်   တစ်ခုကိုသိရှိပါလျက်ဆန့်ကျင်ရှုံ့ချရမည့် အစား
မိမိဂျာနယ်၏သတင်းထူးအဖြစ်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပေါ့ပေါ့တန်တန်ဖော်ပြခဲ့ပါလျှင်အများပြည်သူအတွက်
အကျိုးမရှိသော ထိုသတင်းကိုဖော်ပြသူ အယ်ဒီတာများအနေနှင့်မိမိဂျာနယ်ကို ၀ယ်ယူဖတ်ရှုသူပရိသတ်ကို
စော်ကားရာ ရောက်သလို ထိုသတင်းကိုဖော်ပြသူ အယ်ဒီတာများကို အရှက်မရှိသောဂုဏ်သိက်္ခာမဲ့သည့်
အယ်ဒီတာများအဖြစ် သတ်မှတ်ရပါမည်။

ယခုလိုရေးသားရခြင်းမှာ အကြောင်း မဲ့မဟုတ်ပါ။ဂျာနယ်ချစ်သူစာဖတ်ပရိသတ် တစ်ဦးအနေနှင့် ထိုအကျိုး
မရှိသောသတင်းကိုဖော်ပြသော အယ်ဒီတာများ ၏စော်ကားမှုကို ကိုယ်တိုင်ခံရသည့်အ တွက် ဖြစ်ပါသည်။
စာရေးသူသည် စာဖတ်  ၀ါသနာပါသူဖြစ်သည့်အားလျော်စွာ လက်လှမ်းမီသမျှ ဂျာနယ်များကိုဝယ်ယူ ဖတ်
ရှုရာ စာရေးသူဝယ်ယူဖတ်ရှုသော အပတ်စဉ်ထုတ် ဂျာနယ်များတွင် ထိုဂျာနယ်သည်တစ်စောင်အပါအ၀င်
ဖြစ် ပါသည်။

အပတ်စဉ်ထုတ်ဂျာနယ်များကို ၀ယ်ယူဖတ်ရှုနေသော စာရေးသူအနေနှင့်(၁.၁၀.၂၀၁၂)တနင်္လာနေ့ထုတ်
ထို ဂျာနယ်တွင်ပါရှိသော သတင်းခေါင်းစဉ်   ကြောင့်အပတ်စဉ်တလေးတစားဖြင့် ၀ယ် ယူအားပေးနေရာမှ ရုတ်ချည်းဆိုသလို    ထိုဂျာနယ်ကို စိတ်ပျက်သွားပါသည်၊ထို ဂျာနယ်အယ်ဒီတာများကိုလည်း အထင် ကြီး
စိတ်လုံးဝမရှိတော့ပါ။

ထိုသတင်း ခေါင်းစဉ်ကိုလည်း အတွင်းစာမျက်နှာများတွင် ဖော်ပြထားခြင်းမဟုတ်ဘဲဂျာနယ်မျက်နှာဖုံးစာ
မျက်နှာတွင် အသားပေး ဖော်ပြထားပါသည်။ထိုသို့အသားပေး  ဖော်ပြထားသော သတင်းခေါင်းစဉ်မှာပည့်
တန်ဆာ လုပ်ငန်းများတရား  ၀င်လုပ်ကိုင်ခွင့်ရရန်တောင်းဆိုသွားမည်”” တဲ့။

ထိုသတင်းခေါင်းစဉ်ပါ သတင်းကိုဆက်လက်ဖတ်ရှုကြည့်ရာပြည့်တန်ဆာလုပ်ငန်းများတရားဝင်လုပ်ကိုင်ခွင့်
မရ သောမြန်မာနိုင်ငံတွင်ပြည့်တန်ဆာလုပ်ငန်း(လိင်လုပ်ငန်း)များတရားဝင်လုပ်ကိုင်ခွင့်ရရန်လွှတ်တော်အ
မတ်များထံတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံပြည့်တန်ဆာများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်နှင်း
နှင်းယုက ပြောကြားသည်ဟု အစချီကာ ပြည့်တန်ဆာများအတွက် နိုင်ငံသားအခွင့်အရေးစများဆုံးရုံးလျက် ရှိကြောင်းဖော်ပြထားပြီး ထိုပြည့်တန်ဆာများ ကွန်ရက်ကိုထောက်ပံ့နေသူမှာ ဗြိ တိသျှသံရုံးရှိ ပျိုးပင်အဖွဲ့
မှ ဒေါက်တာ မျိုးလွင်ဟုရေးသားထားပါသည်။

ပြည့်တန်ဆာလုပ်ငန်းသည် မကောင်းမှုဒုစရိုက် လုပ်ငန်းတစ်ခုဖြစ်သလို မြန်မာ့ယဉ်ကျေးမှု ဓလေ့နှင့်မဆီမ
လျော်မကိုက်ညီသောလုပ်ငန်းတစ်ခုဖြစ်သောကြောင့်ဤလုပ်ငန်းကို နိုင်ငံတော်မှ ပြည့်တန်ဆာလုပ်ငန်းများ
ပပျောက်ရေးကို ရှေ့ရှု  ကာ ဥပဒေပြဋ္ဌာန်းပြီးကာကွယ်တားဆီး နေပါလျက် ပြည့်တန်ဆာလုပ်ငန်းကို တရား
ဝင်လုပ်ကိုင်ခွင့်ရရန်တင်ပြတောင်း ဆိုသွားမည်ဆိုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓ ဘာသာထွန်းကားရာ မြန်မာနိုင်
ငံအတွက် ကြား၍မှမတော်သော အလွန်ရှက်စရာကောင်းသောသတင်းမျိုးကိုထည့်သွင်း ဖော်ပြခြင်းကြောင့်
မြန်မာနိုင်ငံနှင့်မြန်မာ   အမျိုးသမီးများကိုလည်းကောင်း၊ပြည်တွင်း  မီဒီယာများ၏ ဂုဏ်သိကာကျဆင်းစေ
နိုင်သည်ကိုလည်းကောင်း ဤမတော် မလျော်သတင်းကို ဖော်ပြသူဂျာနယ် အယ်ဒီတာများ မစဉ်းစားကြ
သည်ကို အလွန်အံ့သြမိပါသည်။

သတင်းထူးလျှင် ပြီးရောဆိုသည့် သဘောမျိုးဖြင့်ဖော်ပြရန်မသင့်သောသတင်းကိုဖော်ပြခြင်းဖြင့်ငါးခုံးမတစ်
ကာင်ကြောင့်တစ်လှေလုံး  ပုပ်””ဆိုသလို မိမိ၏တာဝန်မဲ့စွာ လက်လွတ်စပါယ်လုပ်ရပ်ကြောင့်မီဒီယာ လော
ကတစ်ခုလုံးသိက္ခာကျစေမည့် လုပ်   ရပ်ကို ရှောင်ကြဉ်သင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်လည်း သတင်းစာဂျာနယ်များသည် အများပြည်  သူအတွက် အသိဥာဏ်ဖွံ့ဖြိုးတိုး
တက်ပြီး နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ပြည်သူအားလုံးတက်ညီလက်ညီဝိုင်းဝန်း
ပူးပေါင်းဆောင်ရွက် ရန် လှုံ့ဆော်အားပေးသော သတင်းများကို ရေးသားပြီး၊အလွယ်တကူနှင့်ငွေရ ချောင်
သော်လည်းဟီရိသြတပ္ပကင်းမဲ့သော ပြည့်တန်ဆာလုပ်ငန်းဖွံ့ဖြိုးရေးအားပေးသော မြန်မာ့ယဉ်ကျေးမှုဓလေ့
များကို အကြည်ကန်သိက္ခာကျစေသောအညှီအဟောက်သတင်းများကိုမဖော်ပြသောသိက္ခာရှိသတင်းစာဂျာ
နယ်များဖြစ်   စေရန်အထူးသတိပြုသင့်ပါကြောင်း တင် ပြအပ်ပါ၏။


တက္ကသိုလ်ကြည်လွင်
HotNewsJournal

0 comments:

Post a Comment