ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေး
ဦးကို ၂၀၁၂-ခုနှစ် အောက်တို
ဘာလ ( ၇
)ရက်နေ့တွင် ထပ်မံ
ဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရ
ပါသည်။
အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေ
ခိုးဝင်လာတဲ့ ဘင်္ဂလီလေးဦးကို လက်ပံချောင်းကျေးရွာမှာ ဖမ်းဆီးရရှိ
ခဲ့တာ သေချာပါတယ်။ အခု စစ်ဆေးဆဲပါ ။ နောက်ရက်မှာ သတင်း
အချက်အလက် တရားဝင်
ထုပ်ပြန်ပေးမှာပါ ”ဟု ကလေးမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာလ
(၇) ရက်နေ့ညပိုင်းတွင်
ပြောကြားခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းသို့ တစ်ဖက်အိန္ဒိယနိုင်ငံ မှတဆင့် နိုင်ငံခြားသားများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ လူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်ကိုဖြတ်ကျော်၍ လမ်းကြောင်းလေးခုဖြင့် တရားမ၀င် ၀င်ရောက်လာနိုင်သည်ဟု သိရှိရပါသည်။
အဆိုပါလမ်းကြောင်းများမှာ- - -

(၁)အိန္ဒိယနိုင်ငံနယ်စပ်မှမြန်မာနိုင်ငံဟုမ္မလင်း၊ခန္တီးမြို့နယ်များသို့ဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းအ
တိုင်း စုန်ဆင်း
လာသည့် လမ်းကြောင်း၊
(၂) အိန္ဒိယနိုင်ငံနယ်စ်မှ မြန်မာနိုင်ငံချင်းပြည်
နယ်ကိုဖြတ်ကျော်၍
ကလေး-ကလေးဝ-မင်းကင်း-ဂန့်ဂေါမြို့တို့မှ
တဆင့် မုံရွာမြို့သို့ ရေယာဉ်လမ်း
၊/ကားလမ်း/တောလမ်း အတိုင်းခြေ
လျင်လမ်းကြောင်း၊
(၃) အိန္ဒိယနိုင်ငံနယ်စပ်မှမြန်မာနိုင်ငံတမူးမြို့နယ်ကိုဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းမှတဆင့်
ကလေးဝ-မင်းကင်း -မုံရွာ
ရေလမ်းကြောင်း၊
(၄) အိန္ဒိယနိုင်ငံ နယ်စပ်မှ တဆင့်
မြန်မာနိုင်ငံတမူးမြို့
နယ်ကိုဖြတ်ကျော်၍ ကလေးမြို့မှတဆင့်ကလေးဝ -မင်းကင်း-ဂန့်ဂေါမြို့များမှတဆင့်မုံရွာမြို့သို့ ကားလမ်း/ရေယာဉ်လမ်း/တောလမ်းအတိုင်း ခြေလျင်လမ်း
ကြောင်းများဖြင့် ၀င်ရောက် လာလေ့
ရှိသည်ဟု
သိရှိရပါသည်။
အခု အောက်တိုဘာလဆန်းပိုင်းမှာ လက်ပန်ချောင်းကျေးရွာ ၊ အောင်ရွာ ၊ မင်းလှရွာနဲ့ နန်းကျင်းဆောင် ရွာဖက်တွေမှာ ခိုးဝင်ဘင်္ဂလီတွေတွေ့ တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်။ ကျွန်တော်တို့ သွား ခဲ့သေးတယ်။
သူတို့လဲ သတင်းအနေနဲ့ပဲ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အခုတော့တကယ် ဖမ်းဆီး ရမိတာပေါ့။ခိုးဝင်လာတဲ့ဘင်္ဂလီတွေ ကလေးနယ်ဖက်ကနေပြီး ၀င်ရောက်နေတဲ့သတင်းတွေ ဒီနှစ်မှာပိုကြား ရတယ်။ ” ဟု ကလေးမြို့ဒေသခံ တစ်ဦးမှပြောကြားခဲ့ပါသည်။
၂၀၁၂-ခုနှစ်စက်တင်ဘာလ(၁၆)ရက်နေ့တွင်လည်းကလေးမြို့နယ်အရှေ့ တောင်ဖက်ပေါက်တောကျေးရွာ

အနီး၊ပေါက်တောရေနံမှော်မှခိုးဝင်ဘင်္ဂလီ(၁၀)ဦးနဲ့လမ်းပြ တစ်ဦးကို
ဖမ်းဆီးရရှိခဲ့ပြီး ခိုးဝင်ဘင်္ဂလီတစ်ဦးကို
ထောင်ဒဏ်(၇)နှစ်နှင့်
ကူညီခေါ်ဆောင် လာသူတစ်ဦးကို ထောင်ဒဏ် (၅)နှစ်
အသီးသီးကျခံစေရန်
အမိန့် ချမှတ်ခဲ့သည်ဟု သိရှိရပါသည်။
၂၀၁၂-ခုနှစ် စက်တင်ဘာလကုန်အထိ ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြ ကူညီခေါ်ဆောင်သူ (၆)ဦးကိုဖမ်းဆီးပြီး ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
Eleven Media Group
၂၀၁၂-ခုနှစ် စက်တင်ဘာလကုန်အထိ ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြ ကူညီခေါ်ဆောင်သူ (၆)ဦးကိုဖမ်းဆီးပြီး ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
Eleven Media Group
0 comments:
Post a Comment