Pages

Friday, October 19, 2012

၂၈၆ ကြိမ်မြောက် အောင်ဘာလေသိန်းထီဖွင့်မှစပြီး မိတ်သဟာဆု ကျပ် ၅ သောင်းစီအတွက် ဆုမဲအရေအတွက် ၉၀၀၀ ကျော်ချီးမြင့်မည်

လာမည့်နိုဝင်ဘာ ၁ ရက်တွင်ဖွင့်လှစ်မည့် ၂၈၆ ကြိမ်မြောက် ကျပ်နှစ်ရာတန်အောင်ဘာလေသိန်းထီဖွင့်မှစ
၍အထူးဆုကျပ်သိန်း ၁၅၀၀ ၏အက္ခရာနှင့်ရှေ့ဂဏန်းနှစ်လုံးအစဉ်လိုက်တူပါက မိတ်သဟာပူးတွဲဆုအဖြစ် တစ်ဆုလျှင်ကျပ်ငါးသောင်းစတင်ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှသတင်းရရှိသည်။
ကျပ်သိန်း ၁၅၀၀ ဆု၏ ဆုမဲနံပါတ်ဖွင့်လှစ်ပြီးနောက် အဆိုပါမိတ်သဟာပူးတွဲဆုကို ထည့်သွင်းဖွင့်လှစ်မည်
ဖြစ်ပြီး မိတ်သဟာဆု ကျပ် ၅ သောင်းစီအတွက် ဆုမဲအရေအတွက် ၉၀၀၀ ကျော်ထွက်ပေါ်လာနိုင်မည်ဖြစ်
သည်ဟုသိရသည်။


7days News:

0 comments:

Post a Comment