မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်ကြာ အမေရိကန် ခရီးစဉ် ပြီးဆုံးပြီး ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ခန့်တွင် ကိုရီယားလေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်က ပေးအပ်တဲ့ ရွှေတံဆိပ်ဆုကို လက်ခံယူတာ၊ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုးဘားမား၊ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန် အစရှိ
တဲ့ အမေရိကန် အစိုးရ ခေါင်းဆောင်တွေ ၊ အထက် လွှတ်တော်၊ အောက် လွှတ်တော် ခေါင်းဆောင်တွေ
၊ အမေရိကန်နိုင်ငံရေးလောက က အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာတက္ကသိုလ်တွေမှာလည်းဆွေးနွေး ဟောပြောမှုတွေလုပ်ပြီးအမေရိကန်
ရောက် မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဧရာဝတီ
0 comments:
Post a Comment