Pages

Wednesday, October 31, 2012

၂၀၁၃ ဆီးဂိမ်း ဖွင့်ပိတ်ပွဲဖျော်ဖြေမှု လူ ၁၆၀၀၀ကျော် ပါဝင်မည်

နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲပိတ်ပွဲ အခမ်း အနားများတွင် ကပြတင်ဆက် ဖျော်ဖြေမှုအပိုင်း၌ စုစုပေါင်းလူအင်အား တစ်သောင်းခြောက်ထောင်ကျော် ပါဝင်ဆင်နွှဲ မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက ပြောကြား သည်။ “လူအင်အားကတစ်သောင်းခြောက်ထောင်အထက်မှာပဲရှိမယ်။ဘာကြောင့်လဲဆိုတော့ဆီးဂိမ်း ၁၁ နိုင်ငံ ရဲ့ ကကွက်အားလုံးပေါင်းအတွက်က ၆၀၀၀ ကနေ ၈၀၀၀ ကြားရှိမယ်။ နောက် တိုင်းရင်းသား အက အတွက်က အင်အား ၈၀၀၀ ကနေ ၁၀၀၀၀ သုံးမယ်။ ဒီနှစ်ခုက ဆက်တိုက်ဖြစ်မယ်ဆိုတော့ လူတစ်ေ ယာက် က အ၀တ်အစားပြန်လဲစရာ အချိန်မရှိတော့ဘူး။ ဒါကြောင့် လူအင်အားက ဒီထက်လျှော့လို့ မရပါဘူး”ဟု ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ ၂၆ ရက်တွင်ပြောသည်။

လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသည် နှစ်ပေါင်း ၄၀ ကျော်အကြာတွင် မြန်မာနိုင်ငံက ပြန်လည်ကျင်းပခွင့်ရရှိခြင်း ဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ တွင် ဖျော်ဖြေရေး၊ တင်ဆက်မှုအစီအစဉ်များအား ယဉ်ကျေးမှုဝန်ကြီးဌာနက အဓိကတာဝန် ယူ ဆောင် ရွက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။

“လူအင်အားကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာန က ကျောင်း သား၊ ကျောင်းသူတွေပါမယ်။ အားကစားဝန်ကြီးဌာနကလည်း ပါမယ်။ အခြားဆက်စပ် ဌာနတွေ က လည်း ပါဝင်ကြမှာပါ။ ခုချိန်မှာ နေပြည်တော်အပါအ၀င် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာ နအောက်မှာရှိတဲ့ အထက်တန်းကျောင်း၊ တက္ကသိုလ်တွေမှာလည်း လေ့ကျင့်နေကြပြီဖြစ်ပါတယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်းကပြောသည်။

အဆိုပါ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲသူများ၏ ၀တ်စုံ၊ ဒီဇိုင်းများအတွက် ပြည်တွင်းမှ နာမည်ကြီးဒီ ဇိုင်နာ ကိုးယောက်ခန့်မှ တီထွင်ဖန်တီးပေးသွားမည်ဖြစ်ကာ ပြည်ပအကူအညီ ယူမည်မ ဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

၂၀၁၃ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနားတွင်ပုံမှန်အစီအစဉ်များ၊မြန်မာ့ရိုးရာအကဖျော်ဖြေမှုများ အပြင် ခေတ်မီက
ကွက်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အထူးပြုလုပ်ချက်များ အပါအ၀င် အသက်သာ ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် အစီအစဉ်များ ရေးဆွဲပြီးဖြစ်ကာ ကုန်ကျစရိတ်အတွက် ညှိနှိုင်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက ပြီးခဲ့သည့် သြဂုတ် လ အတွင်းက ပြောကြားထားခဲ့သည်။

(၂၇)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအားကစားနည်းများကိုနပြည်တော်၊ရန်ကုန်၊မန္တလေးနှင့်ငွေဆောင်ကမ်းခြေတို့တွင်ကျင်းပသွားမည်
ဖြစ်သော်လည်းဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနားများကိုမူနေပြည်တော်ရှိအသစ်ဆောက်လုပ်နေသည့်ပရိသတ်သုံးသောင်းဆံ့ဝဏ္ဏသိဒ္ဓိအားက စားကွင်း၌ ပြုလုပ်ကျင်းပ သွား မည် ဖြစ်သည်။
 
7day news 

0 comments:

Post a Comment

 
world time