ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ.
နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး ၉
ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ လေးမျက်နှာသို. မောင်းနှင်လာသော ၂ ခ/ ၈၈၁၀
မိဘမေတ္တာ မှန်လုံအမြန်ယာဉ်နှင့် ဟင်္သာတမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာသော
TOYOTA TOWNACE အဖြူရောင် ၈ဂ/ ၆၃၆၂ ဘုရားဖူးယာဉ်သည် ဇလွန်မြို.နယ်၊
ကျုံတုံးကျေးရွာအရောက် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည် ၁၁ နာရီအချိန်တွင်
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက်လူနာ၁၉ဦးအားဇလွန်ဆေးရုံသိုပို.ဆောင်ခဲ့ရပြီး ဇလွန်ဆေးရုံအရောက်တွင်
လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား)
၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား
၎၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ ၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင်
ဆေးရုံကြီးသို. ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးဇလွန်ရဲစခန်းမှလုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ဆောင်ရွက်
လျက်ရှိကြောင်း သိရပါသည်။
Eleven Media Group
0 comments:
Post a Comment