Pages

Wednesday, September 19, 2012

တရုတ်နိုင်ငံရှိ Suzuki မော်တော်ဆိုင်ကယ်စက်ရုံ လုပ်ငန်းများရပ်နား



(တရုတ်နိုင်ငံမှ ဂျပန်ဆန့်ကျင်ရေး စုရုံးဆန္ဒပြမှုတစ်ခု)
ဂျပန်နိုင်ငံမှ မော်တော်ယာဉ် လုပ်ငန်းစုကြီး Suzukiသည် တရုတ်နိုင်ငံတွင် ၎င်းတို့ တည်ထောင်ထားသည့် 
မော်တော်ဆိုင်ကယ် စက်ရုံကို လုပ်ငန်း ရပ်ဆိုင်းထားလိုက်ကြောင်း သိရှိရသည်။ ကျွန်းပိုင်ဆိုင်မှု အငြင်းပွား
သည့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာပြီး တရုတ်တွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြင်းထန်လာ
သည့်အတွက် Suzukiက အခြေအနေကို စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။ တရုတ်တွင် ဆန္ဒပြသူများက ဂျပန်လုပ် မော်တော်ကားများကို ရပ်တန့်စေကာ ဖျက်ဆီးမှုများ ပြုလုပ်သည်အ
ထိ မုန်းတီးမှုများ မြင့်တက်လာခြင်းကြောင့် Suzukiသည် မော်တော်ဆိုင်ကယ်များ ဆက်လက်ထုတ်လုပ်ခြင်း မပြုသေးဟု အတည်ပြု ကြေညာလိုက်သည်။
တရုတ်နိုင်ငံရှိ Suzuki မော်တော်ဆိုင်ကယ်စက်ရုံ လုပ်ငန်းများရပ်နား

ရှန်ဒေါင်းခရိုင်ရှိ ဂျီနန်တွင် ဖွင့်လှစ်ထားသော မော်တော်ဆိုင်ကယ် စက်ရုံတွင် လုပ်ငန်းအားလုံး ရပ်ဆိုင်း
ထားကြောင်း Suzukiက အတည်ပြုခဲ့သည်။ အင်္ဂါနေ့မှ စတင်ပြီး မိမိတို့ ဆိုင်ကယ်ထုတ်လုပ်မှုများကို ပြုလုပ်
မည် မဟုတ်ဟု တိုကျိုမှ Suzuki ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ အီမိုချီဇူကီက ပြောကြားခဲ့သည်။ 
 
သို့သော်လည်း အဆိုပါ စက်ရုံ ပြန်ဖွင့်မည့် နေ့ကိုမူ မဆုံးဖြတ်သေးဟုလည်း သိရှိရသည်။
Planet Myanmar Media:

0 comments:

Post a Comment

 
world time