Pages

Wednesday, September 12, 2012

အနံ့ဆိုးများဖြန့်ဝေနေသော အမှိုက်ပုံကြီး သုသာန်မှာ မီးခိုးဘ၀ပြောင်းပြီး ဒုက္ခပေးပြန်

 
စစ်ကိုင်းတိုင်းဒေသကြီး၊ကော လင်းမြို့ စည်ပင်ဈေး ဆိုင်ခန်း ပေါင်း (၈၀၀)ကျော်နှင့် ၈ လမ်း ညဈေးတန်းလမ်းဘေးဝဲယာဈေး ဆိုင်ခန်းများမှ နေ့စဉ် ထွက်ရှိ သော အမှိုက်များနှင့် မြို့ပေါ် ရပ် ကွက်များမှ အမှိုက်များကိုအမှိုက်သိမ်းကားတစ်စီးထဲဖြင့်အမှိုက်သိမ်းဆည်းခိုင်းနေရာဝန်နှင့်အား မမျှတဘဲဖြစ်နေသည်။ ရပ်ကွက်အတွင်းသို့လည်းနေ့စဉ်အမှိုက်သိမ်းကားမ၀င်သကဲ့သို့စည်ပင်ဈေးသို့လည်း ပုံမှန်အမှိုက်မသိမ်း နိုင်
ပါ။

အမှိုက်သရိုက်များ အစု လိုက်အပုံလိုက်ဖြစ်နေရာ မြို့မိ၊ မြို့ဖနှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့က ယခု သြ
ဂုတ်လအတွင်း တိုင်ကြားပြောဆို၍ စည်ပင်က အငှားယာဉ်တစ်စီးအကူအညီဖြင့် ကျပ်တစ်သိန်းခွဲခန့် ငွေ
ကုန်ခံ၍ သယ်ပို့လိုက်ရာ အမှိုက်များ အ နည်းငယ် လျှော့ပါးသွားခဲ့ရပါ သည်။

ယာဉ်အင်အားတိုးချဲ့ပြီး သယ်ပို့လိုက်သော အမှိုက်များကို ကောလင်းနှင့် ၀န်းသိုမြို့စပ်ကြား အင်းကြီးကုန်း သုသာန် သင်္ချိုင်း ကုန်းတွင်ပင် မီးရှို့ထားရာ အသု ဘပို့လာရောက်ကြကုန်သော လူ ပရိသတ်များအား အနံ့
ဆိုးများ ဖြင့် ဒုက္ခအကြီးအကျယ် ပေးပြန် သည်။ ကျန်းမာရေးမကောင်းသူ များ၊ ရောဂါအခံရှိသူများမှာအသု ဘပို့ဆောင်ရာသို့ မလိုက်ပါနိုင် ဖြစ်နေကြရပါသည်။

သုသာန်သင်္ချိုင်းနှင့် နီးစပ် ရာကျေးရွာများမှ ကျေးလက် ပြည်သူများ၊ ဘုန်းတော်ကြီး ကျောင်းမှ ၀ါဆိုသံဃာ
တော်များ နှင့် သရဏဂုံတင်ရန် လိုက်ပါ ကြသော ပင့်သံဃာတော်များ အား ဒုက္ခများစွာ ပေးနေပါသဖြင့် သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်း သင့်ပါကြောင်း အသိပေးတင်ပြ လိုက်ရပါသည်။


Hot News Journal

0 comments:

Post a Comment

 
world time