Pages

Saturday, September 29, 2012

၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန် ငွေစက္ကူများ ပြန်ရုပ်သိမ်းမည်ဆိုသော ကောလာဟလအပေါ် ဗဟိုဘဏ်ရှင်း

ယခုရက်ပိုင်းကာလတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေထားသောငွေစက္ကူများအနက် တန်ဖိုးငယ်
ငွေစက္ကူများဖြစ်သော၅ကျပ်၊၁၀ကျပ်၊၂၀ကျပ်တန်များအားပြန်လည် ရုပ်သိမ်းမည်ဟူသော ကောလာဟလ
များ ဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ၁၉၉၀ခုနှစ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအခန်း(၃)ဖြစ်သည့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်း
တာဝန်နှင့် လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြပါ ရှိပါသည်။
 
ထို့အတူ အခန်း(၆) သုံးစွဲထုတ်ဝေခြင်း အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲ
နေသော မည်သည့် ငွေစက္ကူများ(သို့) ဒင်္ဂါးများကိုမဆို ရုပ်သိမ်းရန် လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အ
များပြည်သူသို့ ကြေညာချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ(သို့)ဒင်္ဂါးများအတွက် တန်ဖိုး
အလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင်ပါသည်။



မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လက်ရှိအခြေအနေတွင်မည်သည့် ငွေစက္ကူကိုမျှရုပ်သိမ်းရန်အစီအစဉ်
မရှိကြောင်းနှင့် ရှိခဲ့ပါကလည်း နိုင်ငံတော်အစိုးရအဖွဲ့အား တင်ပြခြင်း၊ ပြည်သူလူထုအား ကြိုတင်အသိပေး
ခင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၉၅၂ ခုနှစ်မှစတင်၍ယခုကာလအထိတရားမ၀င် ကြေညာ
ထားပြီးဖြစ်သော ငွေစက္ကူများမှအပ ကျန်ငွေစက္ကူများဖြစ်သော တစ်ကျပ်တန်မှ ကျပ်တစ်သောင်းတန်အ
ထိ ငွေစက္ကူအားလုံး တရားဝင် လှည့်လည်သုံးစွဲနိုင်ပါကြောင်းအသိပေး ကြေညာအပ်ပါသည်ဟုဗဟိုဘဏ်၏
ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
 
 
7Day News Journal

0 comments:

Post a Comment