Pages

Wednesday, September 5, 2012

ရှမ်းနီပါတီ ပထမဆုံး ရုံးချုပ် မန္တလေးတွင်ဖွင့်ပြီ

ပျောက်ကွယ်နေသည့်ရှမ်းနီလူမျိုးကိုပြန်လည်ဖေါ်ထုတ်ရန်အဓိကရည်ရွယ်တည်ထောင်သည့်တိုင်းလျဲန်ခေါ် ရှမ်းနီအမျိုးသားများဖွံ့
ဖြိုးတိုးတက်ရေးပါတီဌာနချုပ်ကို မန္တလေးမြို့ မဟာမြို့နယ်တွင် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
"ကျွန်တော်တို့လူမျိုးကပျောက်ကွယ်သလိုဖြစ်နေတယ်။လူမျိုးစာရင်းပေါ်အောင်နဲ့ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်
သွားမယ်။ အဓိကတော့ မှတ်ပုံတင်လုပ်တဲ့အခါ လူမျိုးနေရာမှာ ရှမ်းနီ ဆိုပြီးထည့်နိုင်ဖို့ပါ။" ဟု ရှမ်းနီပါတီ (တိုင်းလျဲန်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ) ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် က ပြောသည်။

ရှမ်းနီ လူမျိုးများသည် မှတ်ပုံတင်လုပ်ရာ၌ ၁၉၅၈ ခုနှစ်က လူမျိုးနေရာတွင် ရှမ်း/ဗမာ ဟုသတ်မှတ်ခံခဲ့ရပြီး ၁၉၈၇ နောက်ပိုင်းတွင် ရှမ်း (သို့မဟုတ်) ဗမာ တမျိုးသာသုံးစွဲခွင့်ရခဲ့သည်။

လက်ရှိ ရှမ်းနီပါတီတွင် လက်ရှိပါတီဝင်အင်အား ၄,၇ဝဝ ရှိပြီး ၂ဝ၁၂ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ရရှိထားသော ပါတီတခုဖြစ်သည်။ ရှမ်းနီလူမျိုးများနေထိုင်ရာ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနား စသောဒေသ များနှင့် သွားလာရလွယ်ကူသောကြောင့် မန္တလေးတွင် ရုံးချုပ်ဖွင့်လှစ်ရန် ရွေးချယ်ရခြင်းဖြစ်သည် ဟုလည်း ဦးစိုင်းဌေးအောင် ကပြောသည်။

0 comments:

Post a Comment